Part - 24

4.7K 485 101
                                    

“Kong… ငါ တကယ်မဝင်ရဲဘူး…”

Arthit ခြံတံခါးဝရှေ့ရောက်သည်နှင့် သူ Kongpob လက်မောင်းမှ အကျီ င်္စအား အသာဆွဲရင်း ဆိုတော့ Kongpob ရယ်လိုက်မိသည်။

“P က ကျွန်တော့် Head Hazer ပဲဟာကို ဘာလဲမဟုတ်လို့လား…”

သူ့အား လှည့်ပြောသည့် Kongpob ကို သူ မှုန်ကုတ်ကုတ်ကြည့်လိုက်မိသည်။ နှုတ်ခမ်းတို့သည် အလိုမကျစွာ စူချွန်လာရင်း…

“ပြောတာကလွယ်တယ်ဟ…ငါက မင်းရဲ့ Head Hazer တော့ဟုတ်တာပေါ့… ဒါပေမဲ့…”

“P က ဘာကို ကြောက်နေတာလဲ အဲ့ဒါဆို…”

သူ့ဘက်ပြန်လှည့်မေးလာသည့် Kongpob ကို သူ စူပုတ်စွာကြည့်လိုက်ရင်း…

“မင်းကောင်လေးလည်း ဟုတ်တယ်လေ…”

“သြော်သြော်… နောက်ဆုံးတော့ ကျွန်တော်ကလည်း P ကောင်လေး ဖြစ်သွားပြီပေါ့…”

“Kongpob!!”

ခြေတစ်ချက်ဆောင့်လိုက်ရင်း အော်လိုက်သည့် Arthit ကို သူကြည့်ရင်း ရယ်လိုက်မိသည်။ သူတို့အနောက်နား ကားတစ်စီး စက်သံညက်ညောစွာ ကျွိကနဲထိုးရပ်သွားခဲ့ပြီး ကားကိုမှီကာ လက်ပိုက်ခပ်အေးအေးကြည့်နေသည့် အမျိုးသမီးတစ်ဦးကို တွတ်ထိုးရန်ဖြစ်နေကြသူ နှစ်ယောက်မှာတော့ သတိမထားခဲ့။

“နင်တို့ အိမ်ထဲဝင်ဦးမှာလား ဒီနေ့…”

ထို အမျိုးသမီးမှ စိတ်မရှည်စွာ အသံထွက်လာတော့မှ Arthit တုန့်ကနဲ တစ်ချက်ဖြစ်သွားသလို Kongpob သည်လည်း သူ့အိမ်ရှေ့တွင်သူ ရပ်နေသည်ကို မည်သူက ပြောရဲသည်လည်း ဆိုသော ပုံစံဖြင့် အနောက်သို့အလှည့် ထိုအမျိုးသမီးကို မြင်သည်နှင့် Kongpob တစ်ချက်ရယ်လိုက်မိသည်။

“P Sa…”

Arthit… Kongpob နှင့်ဖက်လှဲတကင်း ရင်းနှီးနေသည့် အမျိုးသမီးကို အကဲခတ်လိုက်မိသည်။ သေသပ်ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးသည် Kongpob နှင့် မည်သို့များ ပတ်သက်နေသည်လဲ။

“ဒါက ဘယ်သူလဲ…”

သူ့အစ်မဖြစ်သူ၏ မျက်လုံးများ အရောင်လက်လာမှုကြောင့် Kongpob ကျွဲမြီးတိုစွာ သူ့ P Arthit ကို သူ့အနောက်သို့ ဆွဲထည့်လိုက်မိသည်။ သူ့အစ်မဖြစ်သူ၏ Fujoshi Level က ဂိတ်ဆုံးနေပြီ။ P Arthit သည် သူ့အစ်မနှစ်ဦးလက်ထဲ ရောက်လိုက်သည်နှင့်…ဖွတ်ဖွတ်ညတ်ညတ်ပင် ကြေသွားနိုင်သည်။

My Dumb Senior and me(fanfic)Where stories live. Discover now