အရင်က Han နှုတ်ဖျားက စကားတခွန်းထွက်လာတိုင်း ကျွန်တော့်ရင်ကိုစုတ်ပြတ်သတ်သွားစေတဲ့ လက်နက်တွေဖြစ်နေတတ်ပေမယ့် ငမိုက်သားကျွန်တော်က မပြောပါနဲ့ မပြောနဲ့ Han လို့နှုတ်ကငြင်းနေတတ်ပေမယ့် တကယ်ကျပြန်တော့ Han အဖြေတွေကိုစိတ်ထဲကမျှော်လင့်နေတတ်ခဲ့တာ

အခု Han နှုတ်ခမ်းဖျားက စကားချိုချိုလေးတွေထွက်လာပြန်တော့ မဖြစ်နိုင်ဘူး ဒါ ကျွန်တော့်ကို Han လိမ်ပြောနေတာဟု မသိစိတ်ထဲကရော သိစိတ်ထဲကရော စဉ်းစားနေမိပြန်သည်

အရင် Han ရည်းစားတွေခနခနပြောင်းထားတတ်သည်ကို စိတ်မဆိုးဘဲ နားလည်ပေးခဲ့ လက်ခံပေးခဲ့တဲ့ကျွန်တော်
အခု Han ကကျွန်တော့်ချစ်သူဆိုတဲ့အဖြစ်ကို ဘယ်လိုနည်းနဲ့မှ နားလည်လက်ခံမပေးနိုင် Han သူ့အရင်ရည်းစားတွေလိုပဲကျွန်တော့်ကို ကစားနေတာ ဟုသာသတ်မှတ်ထားပြန်သည်

သေချာတာတခုတော့ရှိသည် ကျွန်တော်သည် Han ကြောင့် စိတ်ပိုင်းဆိုင်ရာမှာပြသနာတခုခုရှိနေတဲ့ ယဉ်ယဉ်လေးရူးနေသူတယောက်ဆိုတာပဲ
ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော် Han ကိုချစ်နေသေးတာတော့သေချာတယ်လို့ ထင်ပါတယ်။

"Sehun ကထင်တာထပ်လည်သားပဲ"

ကျောင်းကအပြန်ကိုယ့်အတွေးနဲ့ကို ပတ်ဝန်းကျင်ကိုအဆက်အသွယ်ပြတ်လာတဲ့ကျွန်တော် ဘေးကမိန်းမတယောက်အသံကြားမှ သတိပြန်ဝင်တယ်

"မင်း Hyejeen"

"နင့်ကို မထင်မှတ်ဘဲ အခွင့်အရေးကောင်းကောင်းလေးပေးခဲ့တဲ့ ငါ့ကို နင်အဲ့လောက်စိတ်တိုပြစရာမလိုဘူးထင်တယ်"

"မင်းဘာစကားပြောတာလဲ"

"ဟိုးးတညကနင်တို့သိပ်အဆင်ပြေခဲ့ကြတယ်မှတ်လား ဟားဟား အခုချစ်သူတွေတောင်ဖြစ်နေပြီဆိုတော့လေ"

လုပ်ရီရီကာ ပြောနေတဲ့သူမကို သည်းမခံနိုင်စွာ လမ်းဘေးဘက်အုပ်နံရံဆီတွန်းကပ်မိတယ် အခုချိန်ကျွန်တော်ဘယ်သူ့ကိုမှ သည်းခံပေးနိုင်တဲ့စိတ်အခြေအနေမဟုတ်ဘူး

"မင်းပဲလား ဟုတ်လား ဒီတခေါက် ဓာတ်ပုံတွေလဲ မင်းလက်ချက်ပဲပေါ့"

ကျွန်တော့်လက်ဖဝါးတဖက်က သတိမထားမိခင်မှာပဲ သူမလည်ပင်းကိုညှစ်လျက်သား

လွန်Where stories live. Discover now