{2}

3.6K 347 25
                                    

နှင်းဖွဲဖွဲကျနေတဲ့ မနက်ခင်းစောစောကိုလျစ်လျူရှုကာ အိပ်ရာကစောစောထ ကျောင်းသွားဖို့မပြင်ဆင်ခင် Han ကြိုက်သော ကော်ဖီခါးခါးကို ရာသီအေးအေးမှာနွေးနွေးလေးသောက်စေချင်တာကြောင့် ကိုယ်တိုင်ကိုယ်ကျ ကော်ဖီစေ့တွေကြိတ် ရေနွေးတည် စိတ်ရှည်ရှည်နဲ့ သူကြိုက်လောက်မယ့်အရသာဖြစ်အောင်အတိုင်းအဆနဲ့ဖျော်ပြီး ပူနွေးနေတာလေး အေးမသွားရအောင် ဓာတ်ဘူးလေးထဲထည့်ထားလိုက်တယ်

ဒီနေ့က Han ကျွန်တော့်ကိုစိတ်ဆိုးနေတာ အင်း တိတိကျကျပြောရရင် ရှေ့တည့်တည့်မှာကျွန်တော့်ကိုမြင်နေတာတောင် ရှိသည်ဟုသဘောထားကာ တချက်မကြည့်ဘဲ မျက်နှာလွှဲခဲပစ်လုပ်ထားပြီးတဲ့ ၄ ရက်မြောက်နေ့

ပုံမှန်ဆို ဒီရက်ပိုင်းလောက်ဆိုစိတ်ဆိုးပြေသွားတတ်သည်မို့ ယနေ့လဲသူစိတ်ကြည်နေမယ်လို့မျှော်လင့်ရင်း တယောက်ထဲအတွေးနဲ့ကြည်နူးမိနေတာ

ကြည်နူးတယ်ဟူသော အသုံးအနှုန်းက ကျွန်တော့်အတွက်တော့ Han နဲ့မျက်လုံးချင်းတချက်ဆုံသွားရင်ဖြစ်ဖြစ် သူ့ဆီကမည်သို့သောစကားကိုဆိုစေ သူ့အသံလေးတခေါက်လောက်ကြားနေရရင်ဖြစ်ဖြစ် ကျွန်တော့်ကိုသူစကားလက်ခံပြောတတ်သောအချိန်တခနလေးကိုပဲဖြစ်ဖြစ် ကျွန်တော်ပျော်မြူးကြည်နူးမိခြင်း ထိုအချိန်တိုလေးကိုမှ စိတ်မကောင်းဖြစ်အောင် ရင်နာရအောင် မျက်ရည်မခိုင်ချင်အောင် လုပ်တတ်ပြန်တာလဲ Han ရဲ့ ကျွမ်းကျင်လိမ်မာမှုပေ သို့သော် ကျွန်တော်စိတ်မနာရက်ဘဲ အရာရာလက်ခံတတ်ခဲ့ပါတယ်လေ

အားလုံးပြင်အဆင်ပြီးတော့ ထုံးစံအတိုင်း Han မရောက်လောက်သေးခင်အချိန်လောက် ကျောင်းကိုစောစောသွားကာ သူ့စားပွဲလေးပေါ် ကော်ဖီဗူးလေးတင်ထားပြီး အတန်းရဲ့ချောင်အကျဆုံး ကျွန်တော့်ခုံလေးကနေသူ့အလာကိုစောင့်မျှော်နေမိတယ်

အတန်းချောင်မှာပဲနေရာယူတတ်သည့်ကျွန်တော်သည် သူများတကာကနှိမ်သော အနိုင်ကျင့်ခံရတတ်သော ခပ်တုံးတုံး nerd တယောက်တော့မဟုတ်ပါ အရင်ကဆို ကျောင်းမှာဘယ်လိုလှုပ်ရှားမှုတွေရှိရှိ အားတတ်သရောကျွန်တော်ပါဝင်တတ်သလို အတန်းသားအားလုံးကပင် အားကိုးရသည့်လူတယောက် သို့သော် Han ကိုကျွန်တော်ချစ်ကြောင်းဝန်ခံမိသည့်အချိန်မှစ၍ တကျောင်းလုံးရဲ့နှာခေါင်းရှုံ့စရာ အပယ်ခံတယောက်အလိုလိုဖြစ်သွားရတာ တယောက်ထဲသော သူငယ်ချင်း Kai ကလွဲလို့ပေါ့

လွန်Where stories live. Discover now