{10}

2.6K 310 44
                                    

ဒီရက်ပိုင်းအတွင်းမှာကျွန်တော့်အတွက် Han နောက်ကိုခြေရာခံလိုက်စောင့်ကြည့်ရသည့်တာဝန်တခု အလိုအလျောက်တိုးလာသည်
ကျောင်းဆင်းသည်နှင့် Han မသိအောင်သူ့နောက်ကနေတိတ်တိတ်ခိုးလိုက်ဖြစ်သည်
တပတ်၅ရက်မှာ ၃ ရက်လောက်တော့ Han အိမ်တန်းပြန်တတ်၍စိတ်နဲနဲအပူလျော့ရပေမယ့် မတွေ့ရသည့်ကျောင်းပိတ်ရက် စနေ တနင်္ဂနွေအတွက်သက်ပြင်းမချနိုင်ပြန်။
တနေကုန်ကို ထိုဆိုင်ရှေ့ယောင်လည်ယောင်လည်လုပ်ရင်းသာ Han လာမလာစောင့်ကြည့်ရပြန်သည်။

ဒီနေ့တော့group project တခုရှိ၍ Kai အိမ်မှာလူစုကာ စာလုပ်ကြသည်ဟုခေါင်းစဉ်တပ်ရင်း သောင်းကျန်းနေကြမယ်ဆိုတာကြောင့် နေ့ခင်းဘက် ကျွန်တော့်တာဝန်အရဈေးဝယ်ဖို့ mini mart တခုအသွားအမှတ်မထင်မြင်လိုက်မိသည်က

"Hyejeen"

သူဒီရပ်ကွက်မှာနေလို့လား?
ဈေးဝယ်ဖို့ပစ္စည်းရှာသလိုလိုရွေးသလိုလိုလုပ်နေပေမယ့် တကယ်ကဘေးကတခြားမိန်းကလေးတယောက်နဲ့တီးတိုးစကားပြောနေတာ
သူမဘေးကတယောက်ကိုတော့ Hoodie အနက်ခေါင်းစွပ်ဝတ်ထားတာရယ် ကျွန်တော်နဲ့ကျောပေးနေတာရယ်ကြောင့်မည်သူမှန်းမသိ သို့သော် ဒီမိန်းကလေး၂ယောက်မသင်္ကာစရာသိပ်ကောင်းနေတယ်

ကိုယ်နဲ့မဆိုင်ဘဲအလကားသပ်သပ် သံသယဝင်နေတဲ့ကျွန်တော့်ကိုကျွန်တော် စိတ်ပျက်စွာခေါင်းခါမိတယ် Han တော့သူတွဲခဲ့ဖူးတဲ့မိန်းကလေးတွေနဲ့ပြန်တွေ့မိရင် ဘယ်လိုမှမနေလောက်ပေမယ့် ကျွန်တော်ကတော့ Han နဲ့ပတ်သတ်ဖူးတဲ့လူမှန်သမျှကိုဆုံတိုင်းစိတ်ထဲတမျိုးကြီးဖြစ်လာတတ်တာ ဘယ်လိုပဲလမ်းခွဲလိုက်ကြပြီဆိုဆို နှလုံးသားရဲ့တနေရာမှာ ဝန်တိုစိတ်အသေးအမွှားလေးကပ်စွဲနေတတ်သေးတာထင်ပါရဲ့

"Hello"

"ဈေးသွားဝယ်ခိုင်းတာ နယ်ထိများဆင်းပြီးအရွက်ခူးနေလား Sehun shii"

"ha ha အခုပြန်လာတော့မှာပါကွ မင်းကလဲခနလေးစောင့်"

"ငါမီးဖိုချောင်ထဲအကုန်အဆင့်ပြင်ထားပြီးပြီ လဒရဲ့ မင့်ဟင်းရွက်ထည့်ဖို့စောင့်ရင်း ဟင်းရည်အိုးကခန်းတော့မယ်"

လွန်Where stories live. Discover now