{7}

2.4K 296 18
                                    

ding ding

တဒူဒူမြည်နေသောဖုန်း vibrate သံကိုနားထဲကြားသလိုလိုရှိနေပေမယ့် လေးပင်ပူနွေးနေသောမျက်လုံးတွေက ဖုန်းဘယ်နားမှန်းဖွင့်ပြီးမရှာနိုင်သလို ကိုင်ရိုက်ထားသလိုနာကျင်ကိုက်ခဲနေသော ခန္ဓာကိုယ်နဲ့ လက်တွေကလဲစိတ်ထဲရှိသလိုမလှုပ်နိုင်

"ဟင်း"

တုန်ရီနေအောင်ချမ်းစိမ့်နေတာကြောင့် ခြုံထားတဲ့စောင်ထဲကိုသာ ကိုယ်ကိုကျုံ့နေအောင်ကွေးထားရင်းညည်းညူမိတယ်
ကျွန်တော်တော့ဖျားပြီထင်ပါရဲ့

အဆက်မပြတ်ခနခနမြည်နေသောဖုန်းသံရပ်တန့်သွားတော့ အိပ်မပျော်တပျော်ဖြစ်နေတဲ့စိတ်တွေက ပြန်လည်ငြိမ်သက်ကာနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းဆီသို့~~~

"Sehun Sehun"

အိပ်မက်ထဲမှာကြားယောင်နေတာလား တကယ်အပြင်ကခေါ်သံလား ကျွန်တော့်စိတ်ထဲမသဲကွဲ ဒါနဲ့ Han အသံနဲ့တူသလိုလိုပဲ

"Sehun nah Oh Sehun အိမ်ထဲမှာရှိတယ်မဟုတ်လား"

သေချာပါသည် ဒီလိုစူးစူးရှရှ အသံချိုချိုပိုင်ရှင်ဟာ Han ပဲ

"Han?"

နှုတ်ခမ်းဖျားကလှုပ်တယ်ဆိုရုံသာရွတ်လိုက်နိုင်သလို ငေါက်ကနဲထသွားပြီး တံခါးသွားဖွင့်ပေးဖို့ဆိုတာ စိတ်ထဲကသာတတ်နိုင်သည် ကျွန်တော်တစက်ကလေးမှမလှုပ်နိုင်တာပါလေ။

တဒုန်းဒုန်းထုရိုက်နေတဲ့အိမ်ရှေ့ကအသံရုတ်တရက်ရပ်သွားပြန်တော့ အမြဲကျွန်တော့်စိတ်ထဲဆွဲနေမိတဲ့ Han ကိုအိမ်မက်ယောင်နေမိသလားသာတွေးပြီးတော့ မလှုပ်မရှက်ပြန်လည်အိပ်ပျော်သည်လား သတိလွတ်သည်လား ကျွန်တော်မသိလိုက်။

ကျွန်တော်အိမ်မက်မက်သည် Han ကကျွန်တော့်နားမှာတညလုံးထိုင်နေကာ အဖျားကျသည်အထိရေပတ်တင်ပေး ဆေးတိုက်ပေး ဆရာဝန်ခေါ်ကာ ဆေးသွင်းပေးသည်တဲ့
အေးစက်နေတဲ့ကျွန်တော့်လက်ဖျားတွေကိုလဲ Han ကဆုပ်ကိုင်ပေးထားကာ ကျွန်တော့်ကို "Sehun ah သတိမလစ်သွားနဲ့နော် အခုငါမင်းဘေးမှာရှိနေတယ်" ဟုခနခနပြောနေသေးသည်တဲ့
နောက်ပြီး ကျွန်တော်ချမ်းတယ်ရေရွတ်လွန်းတော့ Han က ကျွန်တော့်ဘေးဝင်လှဲကာ ကျွန်တော့်ခါးကနေနွေးအောင်ဖက်ထားပေးသည်တဲ့

လွန်Where stories live. Discover now