{16}

3K 321 23
                                    

မနက်ထဲက ထွက်ပြေးသွားသော Han ကိုစိတ်ပူနေသော်ငြား လှမ်းမဆက်သွယ်ရဲ မာနကြီးလွန်းတဲ့ Han ကသူ့ကိုကျွန်တော်အသိအမှတ်မပြုလေခြင်းဆိုပြီးကျွန်တော့်ကိုအခု စိတ်အရမ်းဆိုးနေမှာ စိတ်အရမ်းနာနေမှာကျွန်တော်သိသည်

ကိုယ့်ကိုကိုယ် ကိုယ့်စိတ်ကိုလဲ စိတ်ပျက်မိသည်ထက်ပို၍ မုန်းမိသည် အချစ်? ကျွန်တော် Han ကိုဘယ်လိုအချစ်မျိုးနဲ့ချစ်နေခဲ့မိတာလဲ?

တနေ့တနေ့ Han မျက်နှာလေးမြင်နေရရုံ Han အသံလေးကြားနေရရုံ Han သတင်းတွေနားထောင်နေရရုံ Han အတွက် ဖြည့်စည်းပေးနေရရုံနှင့်သာ ကျွန်တော့ကမ္ဘာကြီး နာကျင်မှုတွေ ကြင်နာမှုတွေ စိတ်ဆင်းရဲမှုတွေ စိတ်ကြည်နူးမှုတွေ အမျိုးမျိုးနဲ့ပြည့်စုံနေခဲ့တာ

Han ဘက်ကပြန်ချစ်လာဖို့ကို မမျှော်လင့်ခဲ့သလို Han ကျွန်တော့်အတွက် ဝမ်းနည်းရမှာ စိတ်ဆင်းရဲရမှာတွေကို ပိုလို့တောင်မမျှော်လင့်ခဲ့
ဒီအတိုင်းလေးပဲ Han ကျွန်တော်နဲ့နီးစပ်ရာမှာရှိနေတယ်ဆိုတဲ့အသိလေးနဲ့တင် ကျေနပ်နေခဲ့တာ အမြဲတမ်းမပြောင်းမလဲ Han ကိုချစ်ပြပေးနိုင်ဖို့ပဲ ကြိုးစားနေခဲ့ရတာ

Han ကိုကျွန်တော်ချစ်နေရရင်ပဲ တော်ပြီဆိုတဲ့လူစားမျိုး
အခုတော့ မထင်မှတ်ထားဘဲ Han ကကျွန်တော့်ကိုချစ်ပါသည်တဲ့ မှားယွင်းမှုတွေအားလုံးရဲ့ မူလအရင်းအမြစ်ကိုပြောပါဆိုလျှင် Han ကျွန်တော့်ကိုပြန်ချစ်သည်ဆိုတဲ့အရာလား ရူးရူးနှမ်းနှမ်းအတွေးတွေနဲ့ Han ကိုကျွန်တော်စချစ်မိခြင်းလေလား

မိမိရူးလောက်အောင်ချစ်ရပါသည် ဆိုတဲ့လူဆီက အချစ်ကိုပြန်ရတာ ကျွန်တော့်အတွက်ဘာလို့ဒီလောက်တောင်လက်မခံနိုင်ဖြစ်နေရသည်လဲ?

အရင်က Han ကိုအဝေးကငေးကြည့်နေရလျှင်ပင် ပျော်တတ်သည့်ကျွန်တော် အခု Han ကိုနီးနီးကပ်ကပ်စိုက်ကြည့်နေဖို့ကို သတ္တိမရှိ စိတ်အိုက်နေတတ်သည်

အရင်က Han ဆီက ဆိုးဆိုးရွားရွားတုံပြန်တတ်မှုများကို နာနာကျင်ကျင်ကျေကျေနပ်နပ်ကြီးလက်ခံတတ်ခဲ့ပေမယ့် အခု Han ဘက်က နွေးနွေးထွေးထွေးဆက်ဆံတုံ့ပြန်တတ်မှုများကို မခံယူဝံ့သလို ကိုယ့်ကိုကိုယ် မတန်မရာလိုတွေးပြီး ပျော်ပျော်ကြီးလက်မခံနိုင်

လွန်Where stories live. Discover now