{5}

2.5K 300 29
                                    

အိမ်မက်ဆိုးကြောင့် ညသန်းခေါင်တရေးနိုးပြီးထဲကပြန်မအိပ်နိုင်တော့တဲ့ကျွန်တော် မနက်မိုးလင်းမှမှေးကနဲပြန်အိပ်ပျော်သွားသည် သို့သော်ကျောင်းသွားရမည် Han ကိုတွေ့ရဦးမည်ဟူသောအသိကြောင့်နေအလင်းရောင်စူးစူးအိပ်ရာပေါ်ထိုးလာချိန်မှာ မျက်လုံးတို့ကအလိုက်တသိပြန်ပွင့်လာပြန်သည်။

"၉နာရီတောင်ရှိပြီ Aish အကြာကြီးအိပ်ပျော်သွားတာပဲ"

အိပ်ချိန်ကိုးလို့ကန့်လန့်ဖြစ်မှုကြောင့် မျက်ခွံတွေလေးပြီးမျက်လုံးတွေအောင့်နေသလို စိတ်လဲသိပ်မကြည်ချင် Han မျက်နှာလေးတွေ့လိုက်ရပြီး Han အသံလေးတခွန်းလောက်ပဲဖြစ်ဖြစ်ကြားလိုက်ရရင်တော့ ကျွန်တော့်အရာအားလုံးအဆင်ပြေသွားနိုင်မည်ထင်ပါရဲ့

ကျောင်းချိန်နောက်ကျနေပြီလဲဖြစ်တာကြောင့် နေ့ခင်းနားချိန်ရောက်မှသွားတော့မည်တွေးကာ Han အတွက်နေ့လည်စာထမင်းဘူးလေးယူသွားဖို့မီးဖိုချောင်ထဲအလုပ်ရှုပ်နေမိတယ်

Han အတွက်ရည်စူးပြီးလုပ်ပေးနေလို့လားမသိ စေတနာတွေတစိမ့်စိမ့်ပျော်ဝင်နေသော ကြက်ဥလိပ်ကြော် အသားကင် ထမင်းလိပ် တို့ကကျွန်တော်နာမည်ကြီးဆိုင်တွေမှာစားဖူးတာထက်တောင် အရသာရှိနေသယောင်ယောင်

"Oh Sehun မင်းလဲစာဖိုမှုးလုံးလုံးကိုဖြစ်နေပါရောလား"

ကိုယ့်ကိုကိုယ်သဘောကျစွာ ခပ်ပြုံးပြုံးမှတ်ချက်ပေးမိပြန်တယ်

ထိုသို့ ကျွန်တော်ချစ်ရသူအတွက် လုပ်ပေးနေသောအချိန်တွင် ယခင်ရက်များက Han ကိုစိတ်ဆိုးအောင်လုပ်မိခြင်းများ Han ရဲ့တမင်တကာ အရွဲ့တိုက်မှုများ Han ဒေါသထွက်အောင်လုပ်မိခဲ့ခြင်းများ ကုန်ကုန်ပြောရင် နေ့စဉ်ရက်စက်မပြတ် ကျွန်တော့်ရဲ့နာကျင်မှု ဒဏ်ရာများ အားလုံး အားလုံးကို မေ့နေတတ်တဲ့ကျွန်တော်ပါလေ။

နေ့လယ် break နားချိန်ကွက်တိရောက်အောင်ထွက်လာပြီး Kai ကိုဖုန်းဆက်ကြည့်တော့ သူတယောက်ထဲ canteen မှာ Luhan လဲဒီမနက်အတန်းလာမတတ်ဘူးဟူသည့်စကားကြောင့် အတန်းထဲမသွားဘဲ Kai ရှိရာ canteen သို့သာအရင်သွားမိတယ်။
Han ကျောင်းအလာကို canteen ထဲကစောင့်နေလို့လဲရတယ်မှတ်လား။

လွန်Место, где живут истории. Откройте их для себя