{3}

2.8K 329 21
                                    

လူလည်ခေါင်က ကျွန်တော့်ရဲ့ဘယ်နှကြိမ်မြောက်မှန်းမသိသော ကျရှုံးခန်းကြီးကို ရှက်ရွံဒေါသထွက်မှုရယ် Han ရဲ့ဘယ်နှကြိမ်မြောက်မှန်းမသိသော အသဲခွဲခန်းကြီးကို အမှတ်မရှိ အသားမကျစွာ နာကျင်တတ်မှုရယ်ကြောင့် ယောကျာ်းတယောက်ဖြစ်သော်ငြား ပျော့ညံ့လွန်းစွာ မျက်ရည်ပူတို့ကစီးကျနေမိပြန်တယ်။

ကျောင်းခေါင်မိုးပေါ်မှာတဖြူးဖြူးတိုက်နေသောလေညှင်းတွေကို အောက်စီဂျင်ပြတ်လက်နေသူတယောက်သဖွယ် ရှိုက်သွားရင်း လှုပ်ရှားနေတဲ့စိတ်အစုံကိုတည်ငြိမ်အောင်ပြန်ထိန်းယူနေရတယ်။
ကျွန်တော်ဆိုတာတကယ်တမ်းတော့လဲ Han ရဲ့ခပ်ပါးပါးနှိပ်စက်မှုဓားသွားအောက်မှာ အသားမကျသေးပါလေ။

ဝရန်တာနဲ့နီးနီးခုံတန်းရှည်တခုပေါ်မှာထိုင်ကာ ဒေါသကြောင့်တုန်ရီနေတဲ့လက်နှစ်ဖက်ကိုအချင်းချင်းပွတ်သပ်ဆုပ်ကိုင်နေမိတယ် မထိန်းနိုင်အောင်ကျနေသေးတဲ့မျက်ရည်တွေကိုလဲ ကောင်းကင်ပေါ်မော့ကြည့်ရင်း မျက်တောင်တဖျက်ဖျက်ခပ်ကာ သိမ်းဆည်းနေမိပြန်တယ်

"Han ရယ် ကိုယ့်ဘက်ကိုနဲနဲလေးတောင်မတွေးပေးနိုင်ဘူးလားဟင်"

နှုတ်ခမ်းပါးကလဲထိုသို့အမှတ်မရှိစွာရေရွတ်နေတတ်သေးပါသည်လေ။

ကျောင်းတတ်ခေါင်းလောင်းထိုးသံကြားလိုက်သော်လည်း ကျွန်တော်အတန်းထဲပြန်ဝင်ဖို့သတ္တိမရှိသေးတာကြောင့် ထိုင်နေတဲ့ခုံတန်းလျားပေါ်မှာပဲကျောခင်းလှဲချရင်း နှဖူးပေါ်လက်တင်ကာ ငိုထားမိ၍ပူနေသောမျက်လုံးတွေကိုခနမှိတ်ထားမိတယ်။

အချိန်တော်တော်ကြာလာတော့ မျက်နှာပေါ်နေရောင်စူးစူးကတည့်တည့်ကျရောက်လာသည် သို့သော်ကျွန်တော်မမှုပါ ဒီအတိုင်းလေးငြိမ်နေရတာက ကျွန်တော့အတွက်တခုထဲသောအေးချမ်းမှုမဟုတ်လား။

ခြေသံတခု ခပ်ဖွဖွလေးကျွန်တော်ရှိရာလျှောက်လှမ်းလာတဲ့ခြေသံတိုးတိုးကိုကြားနေရပေမယ့် မျက်လုံးအစုံကိုမဖွင့်ပဲဒီအတိုင်းငြိမ်နေမိတယ် Kai ပဲဖြစ်မှာပါလေ

ထိုခြေသံကကျွန်တော့်နားရောက်တော့ရပ်တန့်သွားသလို မျက်နှာပေါ်ထိုးကျနေတဲ့နေရောင်လဲ ရုတ်တရက်ရိပ်သွားသလိုခံစားမိတာရယ် ခပ်သင်းသင်းလေးနှာခေါင်းထဲဝင်လာတဲ့ ရေမွှေးနံ့က Han ဆွတ်နေကျရနံ့လေး

လွန်Where stories live. Discover now