Ding dong ding dong
မနက်အစောကြီး မြည်နေတဲ့ အိမ်ရှေ့က bell တီးသံကြောင့် ညနောက်ကျမှအိပ်ပျော်သွားတဲ့ကျွန်တော် မဖွင့်ချင်ဖွင့်ချင်မျက်လုံးတွေကို အတင်းပွတ်ဖွင့်ကာ အိမ်တံခါးသွားဖွင့်တော့
"Morning Hun"
လက်ထဲမှာ ကြွပ်ကြွပ်အိတ်ပေါင်းများစွာ ကိုင်ထားတဲ့ Han က မျက်ဝန်းတွေမှေးသွားတဲ့အထိနှစ်နှစ်ခြိုက်ခြိုက်ပြုံးကာနှုတ်ဆက်နေတယ်
မနေ့တနေ့ကဘာမှမဖြစ်ခဲ့သလို Han မျက်နှာလေးကြည်လင်နေတာ တကယ်ပဲစိတ်ထဲဘာမှမထားတာလား သူ့မူအတိုင်းမျက်နှာပြောင်တိုက်ပြတာလား မသေချာ
"Han အစောကြီးဘာကိစ္စရှိလို့လဲ"
"သူစိမ်းဆန်လိုက်တာမေးပုံက ဒီနေ့ကျောင်းပိတ်ရက်မို့မင်းဆီလာနေတာ ဖယ်ပေးဦး လေးလာပြီ"
နှုတ်ခမ်းပါးပါးကို မဲ့ရွဲ့သလိုပြောရင်းက ကျွန်တော်ကိုတိုက်ဖယ်ပြီးအိမ်ထဲအတင်းဝင်သွားပြန်တဲ့ Han
"မင်းအခုမှနိုးတာမှတ်လား မျက်နှာသွားသစ်လေ ငါဒီမှာ မနက်စာတခါထဲဝယ်လာတယ် ပြီးရင်စားရအောင်"
"Han ဘာတွေလုပ်--"
"ငါပြောတဲ့အတိုင်းလုပ်စမ်းပါ Hun ရာ သွားသွား"
ကျွန်တော့်ကိုမီးဖိုချောင်ထဲကအတင်းနှင်ထုတ်နေတဲ့ Han
မသိရင်သူ့အိမ်သူယာကျလို့
အာ ဟုတ်သားပဲ Han ကျွန်တော့်အိမ်ရောက်ဖူးတာ တခါနှစ်ခါမှမဟုတ်ဘဲHan စကားအတိုင်း မျက်နှာသစ်ပြီးပြန်ထွက်လာတော့ ထမင်းစားပွဲပေါ်မှာ ကော်ဖီနှစ်ခွက်ရယ် ဘာဂါနှစ်ခုရယ် အဆင်သင့်
"ငါကမင်းလိုမချက်တတ်တော့ fast food တွေပဲဝယ်ခဲ့တာ မင်းအဆင်ပြေပါ့မလားဘဲ"
အခု Han ကကျွန်တော့်အတွက် မနက်စောစောထ ပြင်ဆင်လာပေးတော့ အရင်က ကျွန်တော် Han အတွက် ကိုယ်တိုင်ကော်ဖီစေ့တွေကိုကြိတ် ကိုယ်တိုင်နှပ်ပြီး ဖျော်ခဲ့ပေးဖူးတာကိုသတိရတယ်
ဒါပေမယ့် အဲ့တုန်းက ကော်ဖီကို Han နဲနဲလေးတောင်မမြည်းစမ်းပဲ တခြားသူကိုပေးပစ်လိုက်တာပါ ပြန်တွေးမိတော့ နှုတ်ခမ်းပါးတို့က အကျင့်ပါစွာ နာနာကျင်ကျင်ပြုံးမိတယ်