{9}

2.4K 297 25
                                    

ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ကာ ကျွန်တော့်ကိုယ်ကျွန်တော်သေချာပြန်ကြည့်မိတော့ နေမကောင်းဖြစ်လိုက်တဲ့ ၃ ရက်၎ ရက်အတွင်းမှာ နဂိုမပြည့်တဲ့မျက်နှာတွေသိသိသာသာကျသွားကာ မေးရိုးချွန်ချွန်တွေကပိုထင်ရှားလာတယ် ကျောင်းမတတ်ဖြစ်တာလဲ ဒီတပတ်လုံးနီးနီးဖြစ်နေပြီ နေပြန်ကောင်းပေမယ့်ကျွန်တော်တမင်မသွားဘဲနေမိခြင်း။

မသိစိတ်ထဲကနေ Han ကိုမျက်နှာချင်းဆိုင်ဖို့ရှုက်ရွံ့ခက်ခဲနေမိတာရယ် သိစိတ်ထဲကနေ ကျွန်တော်ဘက်ကအမြဲလုပ်ဆောင်နေကြအတိုင်းတောင်းပန်ချင်မိနေပေမယ့် Han လက်မခံဘဲ ခါးခါးသီးသီးတွေထပ်ပြောလာပြန်ရင် ကျွန်တော့်ခံနိုင်ရည်တွေအကုန်ကျဆုံးသွားမှာရယ်ကို စိုးထိတ်နေမိတာ
ဒါပေမယ့်လဲလေ ကျွန်တော် Han ကိုရူးလောက်အောင်လွမ်းနေမိတယ်။

စာသင်ခန်းထဲခြေချမိပြီဆိုတာနဲ့ မျက်လုံးတွေကအကျင့်ပါစွာ Han နေရာလေးဆီကြည့်တော့ Han ရောက်သေးပုံမပေါ် အင်းလေ Han ကအမြဲနောက်ကျတတ်တဲ့လူပဲ

"Sehunnie နေကောင်းသွားပြီလား"

အရင်ရောက်နှင့်နေတဲ့ Kai ကကျွန်တော့်ဘေးထိုင်ခုံမှာပြောင်းထိုင်ရင်းနှုတ်ဆက်စကားဆိုတော့ အသက်မပါလောက်တဲ့အပြုံးတခုနဲ့သာခေါင်းညိတ်ပြမိတယ်

အတန်းချိန်တွေတခုပြီးတခုသာကုန်ဆုံးသွားတယ် Han ရောက်မလာသေး Tutorial တခုရှိတာကြောင့်အခုချိန်တော့ Han ရောက်သင့်နေပြီ
အတန်းတွေပျက်တတ်တာ Han အကျင့်တခုပေမယ့် Tutorial တော့မှန်မှန်လာဖြေတတ်တာကြောင့် အခုထိရောက်မလာသေးတာကို ကျွန်တော်စိတ်ပူမိလာတယ်

"Luhan မလာသေးလို့လား"

မျက်လုံးတွေလဲဂနာမငြိမ်သလို စိတ်ပူနေတာကြောင့် ဖုန်းဆက်ရကောင်းမလား မဆက်ရကောင်းမလားဟူ၍ လက်တွေကလဲဖုန်းကိုကိုင်လိုက် ပြန်ချထားလိုက်လုပ်နေတဲ့ကျွန်တော့်ကို Kai ကသဘောပေါက်သလိုမေးတယ်

"အင်း"

"မင်းမလာတဲ့ရက်တွေအတွင်း Luhan လဲပေါ်လဲပျောက်လိုက်ပဲ"

"ဘယ်လို Han ဒီရက်ပိုင်းကျောင်းမမှန်ဘူးလား"

"Luhan ပုံမှန်မဟုတ်ဘူး Sehun"

လွန်Where stories live. Discover now