"ကိုယ်တကယ်မသိဘူး Han
Han ပြောတာတွေကိုဘယ်လိုနားလည်ပေးရမလဲမသိသလို ဘယ်လိုသဘောနဲ့လက်ခံပေးရမလဲလဲကိုယ်မသိဘူး""ကျွတ် မင်းကတကယ့်အရူးပဲ"
စိတ်ပျက်သလို စုတ်သတ်ပြောရင်း Han သက်ပြင်းချတယ်
ကိုယ်က Han ကိုအမြဲစိတ်ပျက်အောင်ပဲလုပ်နေမိတာလား?"မင်းမှတ်မိသေးလား ငါတို့ပထမဆုံးစတွေ့တဲ့နေ့ကို"
"ရုပ်ရှင်ရုံမှာ"
စကားပြောရင်းလမ်းလျှောက်လာခဲ့ကြတာ အခု Han မြစ်ကမ်းနားရောက်နေပြီ နေမပူဘဲလေတဖြူးဖြူးတိုက်ခတ်နေတာကြောင့် ပတ်ဝန်းကျင်ကသာယာလှတယ်
"တကယ်တော့ အဲ့နေ့က ငါမင်းနောက်လိုက်လာတာ"
"Han က?"
မဟုတ်တမ်းတရားတွေ ဖန်တီးပြောနေလားလို့ Han မျက်နှာကိုအကဲခတ်ကြည့်တော့ ပြုံးစစ မျက်နှာဘေးက ဝန်ခံမိတာရှက်သွေးဖြာနေဟန်။
"ဟားဟား မင်းယုံလား မယုံလားတော့မသိဘူး ငါမင်းကိုသိနေခဲ့တာကြာလှပြီ Oh Sehun ရဲ့"
"---"
"ထိုင်လေ မညောင်းဘူးလား"
ဟန်မြစ်ကိုမျက်နှာမူထားတဲ့ ခုံတန်းလျားတခုမှာ ဝင်ထိုင်လိုက်တဲ့ Han
အခု Han ပုံစံက သိပ်ကိုလွတ်လပ်ပေါ့ပါးနေသလို ကျွန်တော်သာ ဘာကြောင့်မှန်းမသိ စိတ်ထဲတင်းကြပ်ကြပ်နဲ့Han စကားအတိုင်းသူ့ဘေးနားကပ်ထိုင်လိုက်တော့ အလိုက်မသိတဲ့နှလုံးသားက ရင်ခုန်သံတလွင့်လွင့်
"ငါအရင်တုန်းကမင်းပုံစံကိုသိပ်သဘောကျခဲ့မိတာ"
မျက်နှာချင်းမဆိုင်ဘဲပြောနေတဲ့ Han ဘေးတိုက်မျက်နှာလှလှကိုသာ ကျွန်တော်စိုက်ကြည့်နေမိတယ်
"မင်းကိုငါစသိတုန်းက မင်းကအတန်းထဲမှာတခုခုကိုသိပ်တတ်ကြွတဲ့လူတယောက် အတန်းသားတွေကိုလဲဦးဆောင်နိုင်တဲ့လူတယောက် အမြဲတက်တက်ကြွကြွနဲ့ မင်းကိုကြည့်ရင်သိပ် fresh ဖြစ်နေတာ အဲ့ဒီ Oh Sehun ကိုငါအရမ်းသဘောကျခဲ့တာ"
တခါမှစကားများများမပြောတဲ့ Han ကအခုလိုပြောနေတော့ သူ့ကိုကြည့်နေမိတဲ့ကျွန်တော့်မှာတအံ့တသြ