"မီးပိတ်ပြီးစောင့်ပေါ့ Kim Kai shii အခုလာပြီ ဒါပဲ"

ပြန်ရောက်လျှင် ဝက်ဝံပေါက်ရဲ့ ပွစိပွစိအပြောမခံနိုင်၍ ဟိုမိန်းကလေးနှစ်ယောက်ကိုမေ့ပစ်ကာ အိမ်အမြန်ပြန်လာလိုက်တော့တယ် စိတ်ထဲတော့တခုခုကိုစိုးထိတ်မိနေသလိုပဲ

"ပေါ်လာသေးတယ်"

"ဟီးး"

ထိုသို့နှင့် လူစုံတော့ကျွန်တော်တို့အဖွဲ့စားကြသောက်ကြ ဂိမ်းဆော့ကြ ငြင်းခုန်ရန်ဖြစ်ကြနဲ့ ညနေ ၄ နာရီလောက်ဖြစ်နေပြီ Han ဟိုဆိုင်သွားမသွားစောင့်ကြည့်ရမယ့်တာဝန်ကျွန်တော့်မှာရှိသေးသည်မဟုတ်လား ဒီအုပ်စုကိုမလိမ့်တပတ်လုပ်ကာထွက်လဲ သူတို့ကကျွန်တော့်ကိုခေါင်းထဲသိပ်မထည့်ကြတဲ့လူတွေမို့ ကိစ္စမရှိပေမယ့် သူငယ်ချင်းအရင်း Kim Kai ကလွှတ်မည့်ပုံမပေါ်

"Kai ငါပြန်တော့မယ်"

"အစောကြီးရှိသေးတယ် Sehun"

မျက်ခုံးနှစ်ဖက်ကျုံ့ကာ Kai စိတ်ဆိုးသလိုပြောတော့ အားနာမိစွာ

"မဟုတ်ပါဘူး ငါသွားစရာလေးရှိလို့ပါ"

"ဘယ်လဲ Luhan ဆီပဲလား"

လိမ်လို့လဲမရမယ့်အတူတူ ပြုံးစစနဲ့ ဟုတ်တယ်ပြောတော့ Kai ဆီကဆူအောင့်အောင့်အသံထွက်လာတယ်

"တခါတလေ မင်းစိတ်ပျော်အောင်ငါလုပ်ပေးတာ Sehun ဒီတရက်လောက်လေးပဲ မင်းခေါင်းထဲက Luhan ကိုထုတ်ထားပေးလို့မရဘူးလား"

"ငါ "

"ဆင်ခြေမပေးနဲ့ ဒီအတန်းထဲကချီးထုပ်တွေကိုခေါ်ထားတာလဲ မင်းကြောင့် မင်းကိုအားလုံးနဲ့ပြန်အဆင်ပြေစေချင်လို့ အရင်က Oh Sehun ပြန်ဖြစ်စေချင်လို့ဆိုတာ မင်းသိလား"

ကျွန်တော့်အတွက် ဒီလောက်ထိတွေးပေး အလုပ်ရှုပ်ခံစီစဉ်ပေးတဲ့ Kai စေတနာကို လက်လွတ်စပယ်မပြုချင်တာကြောင့် Han ဒီနေ့ဘယ်မှမသွားပါနဲ့သာဆုတောင်းရင်း Kai ဆီမှာနောက်ကျတဲ့အထိအချိန်ဖြုန်းမိချိန် ဖုန်းထဲသို့စာတစောင်ဝင်လာ၍ ညနောက်ကျကြီးဘယ်သူ့ဆီကပါလိမ့်ကြည့်မိတော့ Han

"Sehun ငါ့ကိုအမြန်လာခေါ်ပေးပါ"

တကြောင်းထဲသော စာသားလေးပေမယ့် ကျွန်တော့်အဖို့အမျိုးမျိုးတွေးကာ ရင်ထဲပူလောင်သွားစေသည်
ဘယ်တော့မှအရင်အဆက်အသွယ်မလုပ်တဲ့ Han ဆီက အခုလိုအချိန်ကြီး စာလှမ်းပို့တာ Han တခုခုဖြစ်နေမှန်းအသေချာ

လွန်Where stories live. Discover now