"စောလှချည်လား Sehun"

အတန်းဝင်လာတာနဲ့ Kai ကကျွန်တော့်ကိုအဆန်းလုပ်မေးတယ်

"အရင်ထက်နဲနဲလေးပဲပိုစောတာပါ"

"ဘယ်ကလာ ဘယ်သူမှမရောက်ဘဲ မင်းတယောက်ထဲရောက်နေတာလေ Sehunnie ရဲ့ နာရီလေးဘာလေးကြည့်ပါဦး"

Kai ပြောမှသတိတရနာရီကြည့်တော့ ကျောင်းတတ်ဖို့ တနာရီတောင်လိုနေသေးသည် အင်းအချိန်မကြည့်ဘဲကျွန်တော်ထွက်လာမိတာပါလား

"မင်းကရော ဘာလို့စောတာလဲ"

"ဟီး အိမ်မှာစောစောစီးစီးပွမ်နေကြလို့ အာ ဗိုက်ဆာလိုက်တာ canteen သွားရအောင်ကွာ"

"တော်ပြီ Kai ငါမလိုက်တော့ဘူး"

စောစောလာပြီး Han ကျွန်တော့်ကော်ဖီဗူးလေးမြင်သွားရင် ဘယ်လိုများအမူအရာဖြစ်သွားမလဲကို စောင့်ကြည့်ချင်နေမိတာ ဒါကြောင့် Han ရောက်လာမယ့်အချိန်ကိုလွတ်သွားလို့မဖြစ်

"ဘာလဲ Luhan လား သူဘယ်တုန်းကစောစောလာလို့လဲ အမြဲနောက်ကျတာကို ငါတို့ပြန်လာတောင်သူရောက်ဦးမှာမဟုတ်ဘူး"

ကျွန်တော့်အကြောင်းနောကျေနေတဲ့ Kai ပြောတော့ အဖြေမရှိစွာ ပြုံးသာပြုံးမိတယ်

"ငါမုန့်ဝယ်ပြီးပဲပြန်လာတော့မယ် မင်းတယောက်ထဲဖြစ်နေမယ်"

အထီးကျန်တယ်လို့ ကျွန်တော်ကတော့မတွေးမိပေမယ့် Kai ကအမြဲကျွန်တော်အထီးကျန်နေတတ်သည်ဟုတွေးတတ်ပြီး အနားမှာရှိပေးတတ်သူ

"အေးဆေးမှပြန်လာ ငါဘာမှမဖြစ်ဘူး"

ထိုသို့ပြောတာတောင် Kai က no ပါဟူပြီးအပြေးထွက်သွားတယ် ဒီသူငယ်ချင်းလေးတယောက်ရှိနေသေးတာပဲ ကျွန်တော်ကံကောင်းနေသေးတယ်ထင်ပါရဲ့

နာရီဝက်လောက်နေတော့ Kai ပြန်ရောက်လာသလို အတန်းထဲလူလဲများလာပြီး ကျွန်တော်စောင့်နေရသော Hanလဲရောက်လာပြီ ဒီနေ့ Han မျက်နှာကြည်လင်နေတယ် ပျော်စရာတခုခုများရှိနေလို့လား သူမျက်နှာလေးဝင်းနေပြန်တော့ ကျွန်တော့်ရင်လဲအေးချမ်းရပါတယ်လေ

စားပွဲပေါ်က ကော်ဖီဗူးလေးမြင်တော့ ချက်ချင်းပဲ ကျွန်တော့်ဆီရောက်လာတဲ့ ဖျက်ကနဲသူ့အကြည့်တချက် အကြောင်းပြချက်မရှိ ကျွန်တော်ပြုံးပြမိတော့ ထူးထူးဆန်းဆန်းသူပြန်ပြုံးပြတယ် ရင်ထဲလှိုက်ခနဲတက်လာတဲ့ပျော်ရွှင်မှုကြောင့် မထိန်းနိုင်မသိမ်းနိုင် Han ဆီသွားစကားပြောရန် မက်တပ်ရပ်လိုက်ချိန်

အတန်းထဲ Han နောက်ကဝင်လာသူက Hyejeen

"Morning coffee Hyejeen ah"

သူ့လက်ထဲကကော်ဖီဗူးလေးကို သူ့နားလာရပ်တဲ့ Hyejeen ကိုအလှဆုံးအပြုံးတွေဆင်ရင်း လက်ထဲထည့်ပေးလိုက်စဉ် အပျော်တွေအကုန်စုန်းစုန်းမြုပ်ကာ ရင်ဘက်ကြီးတခုလုံး ဒေါသနဲ့ပူတတ်လာတယ်
ကိုယ့်စိတ်ကိုထိန်းကာ လက်သီးကျစ်ကျစ်ဆုပ်ထားမိတော့

"Sehun ah"

Kai ကစိတ်ပူသလို လှမ်းခေါ်တယ်

"ဘာမှမဖြစ်ဘူး Kai ငါ ငါအပြင်ခနသွားလိုက်ဦးမယ်"

အခုချိန်မှာ ရှက်စိတ်ကြောင့်ရော ဒေါသကြောင့်ရော ကျွန်တော့်နားရွက်ဖျားတွေ ပါးပြင်တွေရဲနေမှာ အသေချာ ရှိန်းရှိန်းရှိန်းရှိန်းတက်နေတဲ့ ကိုယ်ပူချိန်တွေကို ကိုယ့်ကိုကိုယ်သတိထားမိနေသည်အထိ

Han ဘက်ကို မျက်လုံးအစုံကမကြည့်မိစေရန် ခေါင်းငုံ့ချရင်း အတန်းပြင်ထွက်ခါနီး

"Oh Sehun"

လွင်လွင်လေးထွက်လာတဲ့ ခေါ်သံက Han ဆီက

လေပူတို့ကိုရှိုက်ထုတ်မိရင်း သူရှေ့မှာမျက်နှာမပျက်ရအောင် ဟန်ဆောင်ပြုံးကာ

"အင်း ပြောလေ Han"

"ငါနဲ့ Hyejeen ပြန်အဆင်ပြေသွားပြီ ဂုဏ်မပြုပေးတော့ဘူးလား"

ပြောထွက်ရက်လိုက်တာ Han ရယ် ရင်ကွဲခံပြီးကြည့်နေရရုံမကလို့ ဂုဏ်ပြုပေးရဦးမတဲ့လား

"Congrat ပါ Han အော် Hyejeen ရောပဲ Han ကဘယ်မိန်းကလေးကိုမှ နှစ်ခေါက်မတွဲဖူးဘူး မင်းသိပ်ကံကောင်းတယ်"

ဟုတ်ပါသည် Han ဆိုတာ တခေါက်လမ်းခွဲဖူးသော မိန်းကလေးဆိုပြန်လှည့်ကိုမကြည့်တတ်တာ ဒီမိန်းကလေးကိုမှ သူဘာလို့ပါလိမ့်တွေးမိတော့

"thank u Sehun ငါဟိုနေ့ကစိတ်လောသွားလို့ ပြန်တောင်းပန်ထားရတာ နော် ကို"

"ကို ကလဲ Hyejeen ကိုချစ်ရတာကို"

ချစ်ရတယ်တဲ့လား Han ရယ် ကိုယ့်အချစ်တွေကိုသိနေရက်နေတောင် ကိုယ်ရှေ့မှာဒီလောက်လုပ်ပြဖို့လိုသလား

"ကိုယ်သွားလိုက်ဦးမယ် Han"

တုန်ရီနေတဲ့အသံကိုလဲကျွန်တော်မထိန်းနိုင်တော့ ကျလုဆဲဆဲမျက်ရည်တွေကို Han မမြင်အောင် အတန်းထဲကပြေးထွက်မိတယ်

မင်းသိပ်ရက်စက်တယ် Han။

လွန်Where stories live. Discover now