"အဲ့တာဘဲလား နောက်ထပ်ရော~"
"ကြည့်လိုက်ဦးမယ် ကမာက စားပြီးရင်လျှာယားတယ်
ပင်လယ်ငါးချဥ့်ဟင်းရည်ယူမယ်~"
"ကောင်းသားဘဲ ဦးလဲတစ်ခွက်ယူရမယ်~"
"အချိုပွဲကိုက cakeချိုချိုလေးနဲ့ရေခဲမုန့်အရသာသုံးမျိုးယူမယ်~"
"ထမင်းဖြူရောယူဦးမလား~"
"ဟင့်အင်း~ထမင်းမစားဘူး ပင်လယ်စာတွေဘဲစားမှာ~"
"သဘောပါဗျာ...မွ~"
ထို့နောက်မှာတော့ထယ်ယောင်းက ဂျောင်ကုပြောသမျှ
စားစရာတွေအကုန်မှာပေးပြီး သူ့အတွက်လဲမှာယူကာ
အခန်းထဲမှာသာစားကြတော့တယ်။
"အွန်းး...အရမ်းအရသာရှိတယ်~"
"ဖြည်းဖြည်းစားအသေးလေး နင်ကုန်မယ်~"
"ဂဏန်းအသားတွေက နုအိနေတာဘဲဦး စားကြည့်ပါဦး~"
"အသေးလေးဘဲစားပါ ဦးကရတယ်~"
"မရဘူး စားရမှာ kookieခွံ့ကျွေးမယ် အွန့်~"
အလိုမကျစွာနှုတ်ခမ်းကိုစူထားပြီး သူ့ကို
ခွံ့နေတော့ ထယ်ယောင်းလဲမငြင်းတော့ဘဲ
ဂျောင်ကုလက်ကိုဆွဲပြီး လက်ချောင်းထဲက ဂဏန်းအသားတွေကိုစားပေးလိုက်တယ်။
"စားကောင်းသားဘဲ~"
"ဟီးဟီး...ဒီမှာအများကြီးရှိသေးတယ် စားဦး
kookieမကုန်နိုင်တော့ဘူး~"
"အော်ဟော~မကုန်နိုင်လို့ကျွေးတာပေါ့လေ~"
"မဟုတ်ပါဘူး စားစရာကိုမဖြုန်းတီးချင်ရုံပါ~"
"ဒီကလေးကတော့ကွာ...မွ...မွ~"
"ခစ်ခစ်...ခစ်ခစ်...ခစ်~"
ထယ်ယောင်းကဂျောင်ကုကိုဆွဲဖက်ကာ
မျက်နှာအနှံ့အနမ်းခြွေတော့
နှစ်ယောက်သား ပျော်ရွှင်စွာရယ်မောရင်း
ညနေစာစားကြပြီးနောက် ကမ်းခြေဘက်လမ်းထွက်လျှောက်ရသည့်ခံစားချက်မှာ ဘာနဲ့မှမတူ~
"ဦးနဲ့ချစ်သူဖြစ်ရတာကောင်းလိုက်တာ
ကရုလဲစိုက်တယ် အလိုလဲလိုက်တယ်~"
"အသေးလေးနဲ့ချစ်သူဖြစ်ခွင့်ရတဲ့ဦးက ကံအကောင်းဆုံးလူသားပါ~"
YOU ARE READING
~~သွေး~~{Complete}