ဂျောင်ကုတို့သူငယ်ချင်းသုံးယောက်ကို
ကားပေါ်တင်ကာ သူ့ရဲ့ကုမ္ပဏီခေါ်သွားတဲ့ထယ်ယောင်းက
ကုမ္ပဏီရောက်တာနဲ့ မုန့်တွေနဲ့အရင်ဧည့်ခံပေးရတယ်။
"စားကြနော် အားမနာနဲ့ ကြိုက်သလောက်စား~"
"ကျေးဇူးတင်ပါတယ်ဦးလေးကြီး ကောင်းကောင်းစားပါ့မယ်~"
"ဂျောင်ကုက ကပ်စီးအိုးသလောက် သူ့ဦးကရက်ရောတယ်ဟ~"
"အေးနော်~"
"ငါဘယ်မှာကပ်စီးအိုးလို့လဲ~"
"အိုးတာဘဲလေ ငါတို့ကိုမုန့်တစ်ထုပ်စီဘဲဝယ်ကျွေးတာမင်းက~"
"ဟုတ်ပါ့ ပြောတော့မုန့်အများကြီးဝယ်ကျွေးမယ်တဲ့
ဘာမှလဲမဟုတ်ဘူး~"
"kookieကိုအနိုင်ကျင့်နေကြတယ်ဦး..အီးးဟီးး~"
"ဟုတ်တယ်ကွာ ဦးရဲ့အချစ်တုံးလေးကိုအနိုင်ကျင့်နေကြတာ
သူတို့ကိုဆူမှဖြစ်မှာပါ~"
သက်တူရွယ်သူတွေဖြစ်ကြဘေမဲ့
ဂျောင်ကုကထယ်ယောင်းပေါင်ပေါ်မှာထိုင်
ကလေးလုပ်နေတော့ ဟိုနှစ်ယောက်က မျက်စိမှေးမှေးနဲ့ကြည့်ရင်း မုန့်တွေစားနေကြလေရဲ့~
"kookieလဲမုန့်စားချင်တယ်ဦး~"
"သွားယူလိုက်လေ အသေးလေးကြိုက်တဲ့မုန့်ကိုယူလိုက်~"
"ဟုတ်~ဟိုမုန့်က....
"အိုး ဒီမုန့်ကအရမ်းစားကောင်းတာ~"
မုန့်တွေအများကြီးထဲမှာမှ စပျစ်ခြောက်နဲ့
berryခြောက်တွေပါတဲ့cookieမုန့်လေးကို
ဂျောင်ကုယူဖို့အလုပ် ကလေးမတစ်ယောက်ကလက်ဦးသွားပြီ~
"အဲ့မုန့်ကိုငါယူမလို့လေ~"
"ဒါဘေမဲ့ ငါအရင်ယူလိုက်ပြီလေ~"
"ငါ့ကိုပေး မုန့်တွေကငါ့ရဲ့ဦး ဝယ်ထားပေးတာ~"
"မပေးပါဘူး ငါတို့စားဖို့ဝယ်ထားပေးတာ~"
"ဦး...ဟင့်~"
"ရား...မငိုစမ်းနဲ့ ရော့ယူလိုက်~"
"အစကတည်းကပေးပါလား~"
"အခုမငိုတော့ဘူးလား~"
"ဟင့်အင်း~"
"သေချာပြီလား~"
"သေချာတယ်~"
YOU ARE READING
~~သွေး~~{Complete}