ဂျောင်ကုအမေရဲ့အိမ်ကနေမပြန်ကြသေးတဲ့
ထယ်ယောင်းနဲ့ဂျောင်ကု အိမ်ထဲလျှောက်ကြည့်နေကြပြီး
ဂျောင်ကုကသူ့ငယ်ငယ်ကမှတ်ဉာဏ်တွေကိုပြန်စဥ်းစားယူနေတာ~
*ဘာလို့ငယ်ငယ်က မေမေနဲ့ရှိခဲ့ဖူးတဲ့မှတ်ဉာဏ်တွေကို
ပြန်စဥ်းစားလို့မရတာလဲ~*
"အိမ်က သပ်ရပ်သန့်ရှင်းနေတာဘဲ ဖုန်တွေတောင်မရှိဘူး~"
"ဖိုးဖိုးက နေ့တိုင်းလိုလိုသန့်ရှင်းရေးလာလုပ်ပေးလို့လေ
အခုတော့Kookieလုပ်နေတာ~"
"အဲ့တာကြောင့်ကိုး~အိုး ဒါကအသေးလေးငယ်ငယ်ကဆော့တဲ့ဘော့လုံးထင်တယ်~"
"မသိဘူး မမှတ်မိဘူး~"
"အော အရေထဲလွတ်ထွက်သွားသေးတယ်~"
အိမ်ရှေ့ခန်းက ဘော့လုံးသေးသေးလေးကိုတွေ့လို့
ယူကြည့်ရာမှ လက်ထဲကချော်ထွက်သွားကာ
အရုပ်တွေ ဓာတ်ပုံတွေထည့်ထားတဲ့မှန်ဘီရိုအောက်လိမ့်ဝင်သွားတာမို့ထယ်ယောင်းနှိုက်ယူတော့ဘော့လုံးမပါလာဘဲ
ခရီးဆောင်videoမှတ်တမ်းတင်Cameraတစ်လုံးပါလာလေရဲ့~
"ဟင်~cameraတစ်လုံးပါလား ဖုန်တွေတောင်တက်နေပြီ~"
"camera?? ဖွင့်ကြည့်လို့ရလား ဦး~"
"မသိဘူး စမ်းကြည့်လိုက်မယ်~"
ထယ်ယောင်းကcameraကိုဖွင့်ကြည့်ရာ
ဂျောင်ကုလဲစိတ်ဝင်တစားကြည့်နေဘေမဲ့
cameraကအားတစ်စက်မှမရှိတဲ့အတွက်ကြောင့်ဖွင့်လို့မရ~
"အားမသွင်းတာကြာပြီထင်တယ် အားသွင်းရဦးမယ်~"
"အခန်းထဲမှာ အားသွင်းကြိုးတွေရှိတယ်ဦး
မေမေရဲ့ပစ္စည်းမှန်သမျှအခန်းထဲမှာရှိတယ်~"
"ဟုတ်ပါပြီ အားသွင်းပြီးရင်တောင် ကောင်းသေးရဲ့လားစစ်ဆေးရဦးမှာ~"
"ဒီအခန်းကိုလာ ဦး~"
ဂျောင်ကုပြတဲ့အခန်းထဲထယ်ယောင်းဝင်ကြည့်တော့
ပစ္စည်းတွေအကုန်သူ့နေရာနဲ့သူရှိနေပြီး
ဘာတစ်ခုကိုမှမပျက်စီးနေ~ဒါကြောင့် လိုတဲ့အားသွင်းကြိုးကိုယူကာ သူတို့အိမ်ကိုပြန် အားသွင်းထားလိုက်တယ်။
"အော~ဖိုးဖိုး ဘာလုပ်မလို့လဲ~"
"ဒီမှာလေ အသီးအရွက်လေးတွေ သွားစိုက်မလို့
အသက်ကြီးပြီဆိုတော့ အပင်စိုက်ရတာကိုသဘောကျလာပြီလေ~"
YOU ARE READING
~~သွေး~~{Complete}