ထယ်ယောင်းရဲ့အိမ်ကိုဆယ်ယောင်းပြောင်းလာတဲ့ညနေမှာ
ဂျောင်ကုက သူ့ကိုအလိုလိုက်ပေးတဲ့သူ
ရောက်လာတာဆိုတော့အရမ်းပျော်ပြီး
တစ်အိမ်လုံးကိုလိုက်ပြနေတော့တာ~
"မမနားပါစေဦးအသေးလေးရယ်~"
"ရပါတယ်Oppaရဲ့~"
"ဟိဟိ...အခုကစပြီး kookieတို့သုံးယောက်ကအတူတူနေရတော့မှာပေါ့နော်~"
"ဟုတ်တယ်လေ~"
"ပျော်စရာကြီး..ရေး~"
ကလေးတစ်ယောက်လိုပျော်မြူးနေတဲ့ဂျောင်ကုကြောင့်
ထယ်ယောင်းနဲ့ဆယ်ယောင်းလဲအတော်လေးစိတ်ချမ်းသာရတာမို့ ပြုံးနေကြတော့တာ~
"ညနေစာစားကြရအောင်လေ~"
"ဟုတ်ကဲ့~မမလာ ထမင်းစားမယ်~"
"ဟုတ်ပါပြီ~"
သုံးယောက်သား ထမင်းအတူတူစားကြရာ
ထယ်ယောင်းက ဆယ်ယောင်းကိုဟင်းတွေထည့်ပေးပြီး
ဂျောင်ကုကိုကျ ဝါးမကျွေးရုံတစ်မယ် အကုန်လုပ်ပေးနေတာ~
"Oppaရဲ့အိမ်အကူတွေက ဟင်းချက်တော်တော်ကောင်းတာဘဲ~"
"ခံတွင်းတွေ့လို့ တော်သေးတာပေါ့~"
"သခွားသီးကခါးတယ်ဦး~"
"ဟုတ်လား ဦးအရင်မစမ်းကြည့်မိလိုက်ဘူး
ထွေးထုတ်ခဲ့~"
ပါးစပ်ထဲကဝါးပြီးသားအစာစာတွေကို
လက်ထဲထွေးခွင့်ပြုတဲ့ထယ်ယောင်းကြောင့်
ဆယ်ယောင်းအံ့သြလို့မဆုံး~
*အဲ့လောက်ထိလုပ်ပေးနိုင်တာလား အဲ့တာလဲကောင်းပါတယ်
ငါတို့လက်ထပ်ပြီးလို့ကလေးရရင်အဆင်ပြေတာပေါ့~*
"ဦးရဲ့ပန်းကန်ထဲကအသားစားမှာ~"
"ရော့ပါဗျာ စိတ်ကြိုက်တာသုံးဆောင်ပါ~"
ဂျောင်ကုအကြိုက်အကုန်လိုက်လျောပေးတဲ့ထယ်ယောင်းက
ဘယ်သူမှတိုက်တွန်းစရာမလိုဘဲ
သူ့စိတ်အတိုင်းလုပ်နေတာ~
"ကဲ မိုးလဲချုပ်ပြီဆိုတော့ အနားယူတော့နော်ဆယ်ယောင်း
ဒါကဆယ်ယောင်းနေရမယ့်အခန်း~"
"ဟုတ်..Oppaလဲကောင်းကောင်းအနားယူပါ~"
"ဆယ်ယောင်းရဲ့အခန်းက ကိုယ့်အခန်းဘေးမှာမို့
တစ်ခုခုဆို တံခါးလာခေါက်လိုက်နော်~"
YOU ARE READING
~~သွေး~~{Complete}