Kookieလေးကကျောင်းတက်ရပြီဆိုတော့
အရင်လို အိမ်ပြင်မှာတစ်ယောက်တည်းရပ်မနေရတော့~
ကျောင်းပြန်ရင်သူ့အမေကို သီချင်းတွေဆိုပြကပြနဲ့
ထယ်ယောင်းကျောင်းပြန်လာတာမြင်ပြီဆို
အပြေးလာပြီး ထယ်ယောင်းကိုပါ ကပြသေးတာ~
"အသေးလေး မင်းမပင်ပန်းဘူးလား~"
"ပင်ပန်းပါဘူး~"
"မပင်ပန်းရင်လဲနားတော့ မကပြနဲ့တော့
ငါမျက်စိနှောက်နေပြီ~"
"ဦးက အဲ့လိုကြီးဘဲ ဘာလဲအသိဘူး~"
ရက်တွေကြာလာတာနဲ့အမျှထယ်ယောင်းနဲ့Kookieက
ခင်သွယ်လာကြပြီး မတည့်အတူနေမမြင်ရင်ချောင်းကြည့်ဆိုတဲ့အတိုင်းဖြစ်နေကြပြီ~
"အားနာပါတယ် ကျွန်မဒီအလုပ်မလုပ်တော့ဘူး
နားလိုက်ပါပြီ~"
"ဘာဖြစ်လို့နားတာလဲ~"
"ကျွန်မသားက မူကြိုကျောင်းတက်နေပြီ
တဖြည်းဖြည်းနဲ့ကျွန်မဘာအလုပ်လုပ်လဲသူသိလာတော့မှာ
ပြီးတော့အတန်းထဲမှာလှောင်ပြောင်ခံရမှာစိုးလို့~"
"မူကြိုကလေးက ဘာသိမှာမို့လဲ~"
"မထင်နဲ့ ဒီခေတ်ကလေးတွေက အတတ်မြန်တယ်~"
Kookieအမေက အသက်ငယ်သေးဘေမဲ့လဲ
လောကဒဏ်ရဲ့ရိုက်ချက်တွေကပြင်းထန်တော့
တော်တော်လေးရင့်ကျက်နေပြီမို့ သူ့သားအတွက်
သူ့အလုပ်ကိုစွန့်လွတ်ဖို့စတင်ပြီ~
~~Ring~~Ring~~
"hello omma~"
ထယ်ယောင်းကျောင်းမှာ လက်တွေ့အတန်းတက်နေချိန်
သူ့အမေဆီကဖုန်းဝင်လာတော့ အံ့သြစွာနဲ့
အမြန်ကိုင်လိုက်လေရဲ့~
"သား ကျောင်းဆင်းပြီလား~"
"မဆင်းသေးဘူးOmma တစ်ခုခုဖြစ်လို့လား~"
"kookieလေးရဲ့မူကြိုကျောင်းကဖုန်းဆက်လို့လေ
kookieကိုအခုထိလာမကြိုသေးလို့တဲ့~"
"ဟုတ်လား အသေးလေးရဲ့အမေက
ခါတိုင်းစောစောကြိုနေကျပါ ဒီနေ့ကမအားလို့လား~"
"မသိဘူးသားရေ ဖုန်းဆက်တာလဲမကိုင်ဘူး
အဲ့တာ သားအဆင်ပြေရင်သွားကြိုပေးလိုက်ပါလား
သားရဲ့ကျောင်းနဲ့လဲနီးတယ်လေ ommaတို့ကအလုပ်ကျပ်နေလို့~"
YOU ARE READING
~~သွေး~~{Complete}