ဂျောင်ကုက သူဘာဘဲလုပ်လိုက်လုပ်လိုက်
တစ်ခုမှအဆင်မပြေဘဲ ဒုက္ခသာရောက်တာမို့
Busကားစီးပြီးနောက်ပိုင်းမှာဘာမှထပ်မလုပ်တော့~
*တီး~*
"ဟင်?..ဦးကmessageပို့တယ်?"
တစ်ခုသောစနေနေ့ညနေမှာ အိမ်မှာနေခဲ့တဲ့ဂျောင်ကုဆီ
ထယ်ယောင်းဆီကmessageတစ်စောင်ဝင်လာလို့
ဂျောင်ကုအံ့သြစွာဖွင့်ကြည့်တော့~
'အသေးလေး အိမ်ကို ဦးလူတစ်ယောက်လွတ်လိုက်တယ်
သူနဲ့လိုက်သွား~'
"ဘယ်လိုကြီးလဲ~"
စာကထူးဆန်းနေလို့ဖုန်းခေါ်ကြည့်လိုက်ဘေမဲ့ဖုန်းကမကိုင်ဘဲ
Meetingခန်းထဲမှာရှိနေလို့ဆိုတဲ့messageသာပြန်ပို့ခဲ့တာ~
'ဘယ်သူနဲ့လိုက်သွားရမှာလဲ~'
'ဦးလူလွတ်လိုက်တယ် အဲ့လူနဲ့လိုက်သွား
ဘာမှမကြောက်နဲ့~'
'လာကြိုမယ့်သူက ဘယ်လိုပုံစံလဲ~'
'လာမယ့်သူကအင်္ကျီအပြာနဲ့ဘောင်းဘီအနက်ရောင်ဝတ်ထားတယ်~'
'ဟုတ်~'
'ခေါ်သွားတဲ့နေရာရောက်ပြီဆို ပုံရိုက်ပို့နော်
ဦးလဲလာခဲ့မယ်~'
"ဘယ်နေရာကိုခေါ်သွားမလို့လဲမသိဘူး~"
အူကြောင်ကြောင်နဲ့ဂျောင်ကုကအဝတ်စားတွေလဲကာ
ထယ်ယောင်းပို့လိုက်တယ်ဆိုတဲ့လူကိုစောင့်နေပြီး
ထယ်ယောင်းဖုန်းကိုစစ်မယ်ဆိုပြီးယူထားတဲ့ဆယ်ယောင်းလဲအပြုံးတွေနဲ့ ထယ်ယောင်းကိုပြန်ပေးလိုက်ပြီ~
"ရပြီOppa~တကယ်ဘဲoppaကဘယ်သူနဲ့မှမကြူထားဘူးဘဲ~"
"အရေးမပါတာတွေ~"
ထယ်ယောင်းကသူ့ဖုန်းသူပြန်ယူပြီး
အလုပ်ဆက်လုပ်နေရာ ခနအကြာmessageဝင်လာတဲ့အသံကြောင့်ကြည့်လိုက်တော့ဂျောင်ကုဆီကမို့အမြန်ကြည့်လိုက်တော့~
'kookieရောက်ပြီဦး~'
"ဘာလဲဟ..ဘယ်ကိုရောက်တာလဲ~"
*တီး!*
"တောက်စ်!...ဒါကဘာလဲ~"
ဒုတိယမြောက်ပို့ခဲ့တဲ့Messageက ပုံတစ်ပုံဖြစ်ပြီး
ပုံထဲမှာဂျောင်ကုကclubရောက်နေတာမို့
ထယ်ယောင်းအတော်လေးဒေါသထွက်သွားတာအမှန်~
YOU ARE READING
~~သွေး~~{Complete}