"kookieပြောလို့ သားနေမကောင်းတာကိုသိပြီးပြီ
ဆေးလဲမသောက်ဘူးဆို~"
"ဆေးသောက်ရလောက်တဲ့အထိကြီးလဲမဟုတ်ပါဘူး~"
ထယ်ယောင်းတစ်ယောက် သူ့အမေကိုဖက်လို့ဝပြီဆိုမှ
ဂျောင်ကုကိုကြည့်လိုက်တော့ ငိုထားလို့မျက်လုံးတွေရော
နှာခေါင်းလေးပါနီရဲလို့~
"အသေးလေး ဦးဆီကိုလာပါဦး~"
"ဟင့်~"
"ဟဟ..ထပ်မငိုပါနဲ့တော့ ဦးတောင်းပန်ပါတယ်
ဦးကြောင့်နဲ့အသေးလေးပင်ပန်းရပြီ~"
ခေါ်လိုက်တာနဲ့ သူ့ရင်ခွင်ထဲပြေးဝင်လာတဲ့ဂျောင်ကုက
ငိုမဲ့မဲ့လေးမို့ ထယ်ယောင်းက တင်းတင်းကျပ်ကျပ်ဖက်ထားကာ ခေါင်းလေးကိုနမ်းပေးမှပြုံးလာတော့တယ်။
"Kookieကိုစိတ်မဆိုးတော့ဘူးမဟုတ်လားဦး~"
"အစကတည်းကမဆိုးပါဘူး ဦးကဘာလို့အသေးလေးကိုစိတ်ဆိုးရမှာလဲ~"
"စိတ်ဆိုးလို့ဘဲ kookieကိုအကပ်မခံတာလေ~"
"မဟုတ်ပါဘူးကွာ~"
အားလုံးရှင်းလင်းသွားပြီဖြစ်တဲ့အတွက်ကြောင့်
ထယ်ယောင်းလဲ စိတ်ရှင်းရှင်းနဲ့ဂျောင်ကုကို
ဆက်ပြီးချစ်နေကာ ညအိပ်တော့လဲအရင်လိုဖက်လို့~
"ညနေကအတွက် တောင်းပန်ပါတယ်နော်အသေးလေး~"
"မလိုပါဘူး Kookieခွင့်လွတ်ပါတယ်~"
"ကျေးဇူးပါ~~ဒါနဲ့လေ ဦးရဲ့မိဘတွေကဦးကို
ချစ်ကြတယ်လို့ အသေးလေးထင်လား~"
"ဘယ်လိုထင်လားလဲ ဖိုးဖိုးတို့ကဦးကိုအရမ်းချစ်ကြတာ
ဦးအိမ်ကထွက်သွားပြီးကတည်းက ဦးရဲ့အကြောင်း
မပြောတဲ့နေ့တစ်နေ့မှမရှိဘူး~"
"ဟုတ်လား~"
"ဟုတ်တယ် ဖွားဖွားဆို ဦးကဘယ်လောက်ချစ်စရာကောင်းကြောင်းလိမ္မာကြောင်းပြောပြပြီး ဖိုးဖိုးဆိုလဲ
ဦးကဘယ်လောက်တော်ကြောင်း ဘယ်လောက်ကျန်းမာကြောင်းအရမ်းပြောတာ~"
သူ့မိဘတွေကသူ့ကိုဘယ်လောက်ချစ်မှန်းသိဘေမဲ့
တစ်ခြားတစ်ယောက်ဆီကနေ အခုလိုလေးကြားရတော့
ရင်ထဲနွေးထွေးပြီးကြည်နူးသွားတာအမှန်~
YOU ARE READING
~~သွေး~~{Complete}