"kookieကငါ့ရဲ့မြေးအရင်းဟုတ်တယ်
ဒါဘေမဲ့မင်းကငါ့သားမဟုတ်ဘူး မင်းအမေရဲ့သားလဲမဟုတ်ဘူး~"
"ဗျာ? ဒါဆိုကျွန်တော်က ဘယ်သူ့ကလေးလဲ~"
"မင်းရဲ့အမေအရင်းကငါ့မိန်းမရဲ့ညီမ
သူ့ညီမက ဆေးသမားနဲ့ညားပြီး အိမ်ထောင်ရေးပြဿနာတွေကြောင့် မင်းကိုဗိုက်ကြီးကြီးနဲ့ကြိုးဆွဲချသေလိုက်တာ~"
"ဟင်?"
"ဟုတ်တယ် ကံကောင်းတဲ့မင်းက
သေသွားတဲ့မင်းအမေဗိုက်ထဲမှာအသက်ရှင်နေလို့
ခွဲထုတ်ပြီး ငါတို့သားအဖြစ်မွေးစားလိုက်တာ မင်းအမေကမင်းကိုသိပ်ချစ်လွန်းလို့ဒီအကြောင်းတွေမသိစေချင်ခဲ့ဘူး~"
"............"
"ငါတို့မပြောဘဲမင်းသိသွားမှာစိုးလို့ ခနခနအိမ်ပြောင်းရုံမကဘူး ငါတို့ရဲ့သွေးသားရင်းကလေးတောင်မယူခဲ့ဘူး
တကယ်လို့ယူလိုက်ရင် ရုပ်မတူတာအကျင့်စရိုက်မတူတာတွေတွေ့ရင် မင်းရိပ်မိသွားမှာစိုးလို့~"
Mr.kimပြောမှ သူကဘာလို့သူ့မိဘတွေလို
နူးညံ့သိမ်မွေ့ဖော်ရွေတဲ့သူမဟုတ်ဘဲ အနေတည်
ဖော်ရွေခြင်းမရှိ စိတ်မရှည် ဒေါသထွက်လွယ်တဲ့သူဖြစ်နေတာလဲဆိုတာ အခုမှနားလည်သွားတော့တယ်။
*ငါကမွေးစားသားဖြစ်နေခဲ့တာဘဲ~*
"ဟူးးး..ဘယ်လိုဘဲဖြစ်ဖြစ် သားကိုအဖေတို့ချစ်တယ်ဆိုတာယုံတယ်မဟုတ်လား~"
"ယုံပါတယ် ကျွန်တော့်ကိုအချစ်တွေအများကြီးပေးခဲ့ကြပါတယ်~"
ဂျောင်ကုနဲ့သူက ဘာမှမတော်လို့စိတ်ရှင်းသွားဘေမဲ့
သူက မွေးစားသားဆိုတာသိလိုက်ရပြန်တော့
စိတ်ထဲနေလို့မကောင်း~
"Omma~"
"စကားပြောပြီးကြပြီလား အဆင်ပြေ......
အခန်းထဲဝင်လာပြီး သူ့စကားမဆုံးခင်လာဖက်တဲ့ထယ်ယောင်းကြောင့်Mrs.kimလဲ အူကြောင်ကြောင်နဲ့
ထယ်ယောင်းကျောပြင်ကို လက်နဲ့ပွတ်ပေးလေရဲ့~
"အလုပ်မှာအဆင်မပြေလို့လားသား~"
"မဟုတ်ပါဘူး ဒီတိုင်းနည်းနည်းနေမကောင်းချင်တော့
Ommaတို့ကိုလွမ်းလာလို့~"
YOU ARE READING
~~သွေး~~{Complete}