"ရပြီ ဦး~"
"ဟုတ်ပြီ သွားရအောင်လာ~"
ထယ်ယောင်းနဲ့ဂျောင်ကု မိဘအိမ်ပြန်ကြတဲ့လမ်းတစ်လျှောက် ဘာစကားတစ်ခွန်းမှမပြောဘဲသွားကြရာ
ဟိုရောက်တော့ဂျောင်ကုကသူ့အဖွားရှေ့ငိုလေပြီ~
"ဟဲ့~ညကြီးမိုးချုပ်ဘာဖြစ်လာကြတာလဲ~"
"Appaရော Appaနဲ့အရေးကြီးပြောစရာစကားရှိတယ်~"
"သား တစ်ခုခုဖြစ်လို့လား~"
"မဖြစ်ပါဘူး အသေးလေးကိုOmmaခေါ်သွားပေး
ကျွန်တော်Appaနဲ့စကားပြောစရာရှိတယ်~"
"အေးပါ အေးပါ~"
မျက်နှာမလှတဲ့သားဖြစ်သူကြောင့်
Mrs.kimလဲဂျောင်ကုကိုအခန်းထဲအမြန်ခေါ်ဝင်သွားကာ
ထယ်ယောင်းကတော့Mr.kimနဲ့ထမင်းစားခန်းထဲမှာ~
"ဘာအရေးကြီးကိစ္စမို့လို့ ထမင်းစားခန်းထဲအထိလာရတာလဲ~"
"အသေးလေးကappaရဲ့မြေးအရင်းမဟုတ်လား~"
"............."
"ဖြေလေAppa~"
"မင်း ဘယ်ကသိလာတာလဲ~"
"တကယ်ဟုတ်နေတာဘဲ တကယ်ကြီး...ဟာ~"
သူမဖြစ်စေချင်တဲ့အရာကတကယ်ကြီးဖြစ်သွားတော့
ထယ်ယောင်းတစ်ယောက် ရင်ထဲမှာဆို့နင့်သွားပြီး
တားဆီးမရတဲ့မျက်ရည်တွေကတသွင်သွင်~
"A..Appaဘာလို့ အဲ့တာကိုကြိုမပြောတာလဲ~"
"မသိတာကပိုကောင်းတာမို့လို့လေ
ပြီးတော့ ရည်ရွယ်ပြီးဖြစ်ခဲ့တာလဲမဟုတ်လို့~"
"Appaဖြစ်ပျက်ခဲ့တာကိုကျွန်တော်အပြစ်မတင်ဘူး
အသေးလေးကိုကျွန်တော်ချစ်ကြောင်းဝန်ခံတုန်းက
မတားခဲ့တာကိုဘဲစိတ်တိုတာ အခု ကျွန်တော်နဲ့အသေးလေးကနယ်ကျွံကုန်ပြီ~"
"မတားခဲ့ဘူးဆိုတာက မင်းနဲ့kookieက
ဘာမှမတော်စပ်လို့ပေါ့ကွ တော်စပ်ရင်ငါကဒီတိုင်းလွတ်ထားပါ့မလား ဒါကိုမင်းအမေလဲသိတယ်~"
"ဘာလို့မတော်ရမှာလဲ အဖေရဲ့မြေးဆိုမှတော့
ကျွန်တော့်တူပေါ့~"
"မင်းအဖေကိုယုံ မင်းတို့ကဘာမှမတော်ဘူး~"
"ဘာလို့မတော်တာလဲဆိုတာပြောပြလေ
ဘယ်လိုမတော်တာလဲ ကျွန်တော်ခေါင်းရှုပ်နေပြီ~"
BẠN ĐANG ĐỌC
~~သွေး~~{Complete}
💜20💜
Bắt đầu từ đầu