"အစ်ကိုလေးနေမကောင်းဘူးဆို doctorခေါ်ပေးရမလား~"
"ကြီးကြီးမားမားမဟုတ်ပါဘူး အခန်းသန့်ရှင်းပြီး
သွားကြတော့~"
အိမ်အကူတွေကိုတော့အခန်းသန့်ရှင်းပြီးထွက်သွားခိုင်းလို့ရဘေမဲ့ ဝမ်းနည်းနေတဲ့မျက်နှာနဲ့ဂျောင်ကုကတော့
သူ့အနားကနေမခွာ~
"ဦး.......
"ဦး ဘာမှမဖြစ်ဘူး စိတ်မပူနဲ့နော်
အန်ထားလို့ညစ်ပတ်နေပြီ ဦးရေချိုးလိုက်ဦးမယ်~"
ပြောပြီး ရေချိုးခန်းထဲဝင်သွားတဲ့ထယ်ယောင်းက
သူ့ကိုရှောင်နေတာအရမ်းသိသာတာမို့
ဂျောင်ကုမှာ အရုပ်လေးဖက်လို့ မျက်ရည်မျက်ခွက်~
"ငါ့အပြစ်ဘဲ ငါသာအကြာကြီးစိတ်မကောက်ရင်
ဦးကစိတ်ဆိုးမှာမဟုတ်ဘူး..ဟင့်~"
ဂျောင်ကုလဲအခန်းထဲငိုနေသလိုထယ်ယောင်းကလဲ
ရေချိုးခန်းထဲငိုကြွေးနေရင်း သူ့မိဘတွေကိုသတိရသွားလို့
ရေမြန်မြန်ချိုးပြီးထွက်လာလိုက်တယ်။
"အသေးလေး အဝတ်စားတွေထည့် ဖွားဖွားတို့ဆီသွားရအောင်~"
"အီးးဟီးး..kookie လိမ်လိမ်မာမာနေပါ့မယ်
ဖွားဖွားတို့ဆီမပို့ပါနဲ့...ဟင့်..kookie ဦးနဲ့နေချင်တယ်~"
"မဟုတ်ဘူးအသေးလေးရဲ့ ဒီတိုင်း ညအိပ်အလည်သွားဖို့ပါ
ဦးလဲ အဝတ်စားတစ်ချို့ထည့်မှာလေ~"
"ဟင့်အင်း..ကျောင်းမှမပိတ်သေးတာ..အီးးဟီးး~"
"မငိုပါနဲ့အသေးလေးရယ် ဦးက အသေးလေးကို
Ommaတို့အိမ်ပို့မလို့မဟုတ်ပါဘူး~"
အရင်လိုသူ့ကိုဖက်ရင်းနမ်းရင်းချော့ဖို့နေနေသာသာ
အနားတောင်မကပ်တဲ့ထယ်ယောင်းကြောင့်
ဂျောင်ကုလဲမျက်ရည်တွေကိုလက်နဲ့သုတ်ရင်း
အဝတ်စားတစ်စုံကိုအိတ်နဲ့ထည့်လေရဲ့~
*အသေးလေးနဲ့ငါကသွေးသားရင်းတွေဆိုတာ
ငါမယုံဘူး Appaကိုမေးရမယ် ကံဆိုးလို့မှန်ခဲ့မယ်ဆိုရင်
ဆယ်ယောင်းနဲ့ငါလက်ထပ်မယ် အသေးလေးက
ဆယ်ယောင်းကိုမုန်းတော့ ငါ့ကိုပါအလိုလိုမုန်းသွားလိမ့်မယ် အဲ့တာက အဆုံးသတ်ဖို့အကောင်းဆုံးနည်းဘဲ~*
YOU ARE READING
~~သွေး~~{Complete}