videoမှတ်တမ်းတင်နေချိန်bellတီးသံကြောင့်
ဂျောင်ကုအမေတံခါးသွားဖွင့်ချိန် ဝင်လာသူက
သူ့အဖေMr.kimဖြစ်နေတာမို့ထယ်ယောင်းလန့်သွားတာအမှန်~
"Appaကဘာလာလုပ်တာလဲ~"
*"ဦးလေးပါလား လာလေ ထိုင်ပါဦး~"
"အင်း~မင်းရဲ့အလုပ်သစ်အကြောင်းလာပြောတာ~"
"ဟုတ် ပြောပါဦးလေး အားမနာပါနဲ့~"
"မင်းကိုနေရာကောင်းရဖို့ ငါ့သမီးပါလို့ပြောပြဘေမဲ့
ငါ့မိတ်ဆွေကမယုံဘူးလေ အဲ့တော့DNAစစ်ဆေးချက်အတုလုပ်မယ်လို့ငါပြောတယ်မဟုတ်လား~"
"ဟုတ်ကဲ့ပါဦးလေး အဆင်မပြေလို့လား
ပွင့်ပွင့်လင်းလင်းပြောပါ~"
"အဆင်မပြေတာမဟုတ်ဘူး ဟန်ဆောင်စစ်ဆေးလိုက်တဲ့
မင်းရဲ့DNAနဲ့ငါ့ရဲ့DNAက ကိုက်ညီမှု100%လို့အဖြေထွက်လာတယ်~"
"ရှင်?"*
"ဘာ?"
Videoထဲကဂျောင်ကုအမေတင်မက
အပြင်ကထယ်ယောင်းပါအံ့သြသွားပြီး
ဒီvideoကိုမရပ်ချင်တော့~
*"ဟုတ်တယ် ဆေးရုံကလိမ်တာလားလို့
တစ်ခြားဆေးရုံမှာသွားစစ်တော့လဲ အဖြေကအတူတူဘဲ~"
"ဒါ..ဒါဆိုရင်??"
"မင်းရဲ့အမေကဘယ်သူလဲ~"*
Mr.kimအမေးကိုဂျောင်ကုအမေပြန်ဖြေတော့
ဂျောင်ကုအဖွားအရင်းနဲ့Mr.kimက တစ်နှစ်လောက်တွဲဖူးခဲ့ကြပြီး လမ်းခွဲခဲ့ကြချိန်မှာ ကိုယ်ဝန်ကျန်ခဲ့မှန်းမသိဘဲ
Mrs.kimနဲ့လက်ထပ်ခဲ့တာကို ထယ်ယောင်းသိလိုက်ရတယ်။
"ဒါ...ဒါဆိုရင် အသေးလေးနဲ့ငါက
မဖြစ်နိုင်ဘူး ဒီလိုမဖြစ်ရဘူးလေ~"
*"ဦးလေးကကျွန်မအဖေဆို ကင်မ်ထယ်ယောင်းက
ကျွန်မရဲ့အဖေတူအမေကွဲမောင်လေးပေါ့~"
"အင်း~ဒါဘေမဲ့ ဒီအကြောင်းတွေကို~~"
"ကျွန်မနားလည်ပါတယ် ဒီအကြောင်းဘယ်သူမှမသိစေရပါဘူး မောင်လေးအပေါ်ကောင်းကောင်းဆက်ဆံချင်ရုံပါ~"*
ဂျောင်ကုနဲ့သူနဲ့က တကယ်ကြီး ဦးလေးနဲ့တူတော်နေတာကို
သိသွားတဲ့ထယ်ယောင်းကမျက်ဝန်းအိမ်ထဲကနေမျက်ရည်တွေကျလာပြီးvideoကိုလဲဆက်မကြည့်နိုင်တော့~
YOU ARE READING
~~သွေး~~{Complete}