"အဲ့တာဆို ငါ့မုန့်ပြန်ပေး~"
ပေးပြီးသားဂျောင်ကုလက်ထဲကမုန့်ကိုဆတ်ကနဲယူသွားတဲ့
ကလေးမကြောင့် ဂျောင်ကုတစ်ယောက်
ချက်ချင်မျက်နှာမဲ့ပြီးငိုပါလေရော~
"ပြန်ပေး...အီးးဟီးးး~"
"ဟားဟားး မပေးဘူးကွ~"
"အီးးဟီးး...ပေးလို့ ဦးနဲ့တိုင်ပြောမှာ~"
"အသေးလေးရေ မငိုရဘူးလေ ဦးကအသစ်ဝယ်ပေးမှာပေါ့
အခုချက်ချင်းဝယ်ပေးမယ်နော်~"
"ဟင့်အင်း..အဲ့တာဘဲယူချင်တာ~"
"ကောင်မရယ် စမနေစမ်းပါနဲ့ ငါနားငြီးတယ်
အဲ့မုန့်က စားလိုက်ရင် သွားမှာကပ်လို့မင်းမကြိုက်ဘူးလေ~"
"စကောင်းလို့လေ ရော့ဂျောင်ကု မင်းရဲ့မုန့်
နှပ်ချေးတွေလဲသုတ်လိုက်ဦး အရမ်းညစ်ပတ်တာဘဲ~"
Mr.kimတို့ တစ်မိသားစုလုံးရဲ့
ဖူးဖူးမှုတ်အလိုလိုက်ခံအချစ်ခံလေးဖြစ်နေတဲ့ဂျောင်ကုက
သူငယ်ချင်းတွေစနောက်တာတောင်
မျက်ရည်မျက်ခွက်နဲ့မို့ ထယ်ယောင်းပြုံးရင်းခေါင်းခါလျှက်~
"အသေးလေး ဦးဆီကိုလာဦး~"
"ဟုတ်~"
"ဟိုညီမလေးနှစ်ယောက် နာမည်လေးတွေပြောပြပါလား
ဦးကကင်မ်ထယ်ယောင်းပါ~"
ထယ်ယောင်းက ဂျောင်ကုကိုသူ့ပေါင်ပေါ်ထိုင်စေကာ
နှပ်တွေကိုtissueနဲ့သုတ်ပေးရင်း
သူတို့ကိုနာမည်မေးတော့ ကလေးမနှစ်ယောက်ကပြုံးစိစိ~
"သမီးနာမည်က မင်ဘိုနာပါ သူငယ်ချင်းတွေက နာနာလို့ခေါ်ကြတယ်~"
"သမီးက ဆောင်းဂျယ်ယွန်း သူငယ်ချင်းတွေကယွန်းလို့ဘဲခေါ်တယ်~"
"ဟုတ်ပါပြီ နာနာနဲ့ယွန်းရေ ကျောင်းမှာအသေးလေးကို
ကရုစိုက်ပေးကြပါဦးနော် အသေးလေးကလူကြောက်တယ်~"
"စိတ်ချပါ ဘာမှမပူနဲ့ သမီးတို့ကိုအပ်လိုက်~"
အချင်းချင်းမိတ်ဆက်ပြီးတာနဲ့
ဂျောင်ကုတို့သူငယ်ချင်းသုံးယောက်က စာလုပ်ကြပြီး
ထယ်ယောင်းက သူ့အလုပ်သူလုပ်ကာ
အလုပ်ဆင်းချိန်မှာတော့ နာနာနဲ့ယွန်းကိုအိမ်အရောက်လိုက်ပို့ပေးပြီးမှ သူတို့လဲအိမ်ပြန်ရတယ်။
YOU ARE READING
~~သွေး~~{Complete}