"ဒီမှာအဆင်သင့်စားရုံဘဲလေ~"
"တော်ပါပြီ လုပ်ထားတာတွေကို ဆယ်ယောင်းဘဲစားလိုက်တော့နော်~"
"ကျွန်မလုပ်ပေးတဲ့မနက်စာက ရိုးအီသွားလို့
မစားချင်တော့တာလားOppa~"
"မဟုတ်ပါဘူး မင်းက မနက်စာကို
တစ်နေ့တစ်မျိုးမရိုးရအောင်ပြင်ပေးလုပ်ပေးပါတယ်
စားရတာအရသာလဲရှိတယ်~"
"ဒါဆိုရင်?"
"စေတနာအစစ်အမှန်နဲ့လုပ်ပေးတာမဟုတ်လို့
အသေးလေးရော ငါပါမစားချင်တော့ဘူး~"
ထယ်ယောင်းကစကားကိုအပြတ်ပြောချလိုက်တော့
ဆယ်ယောင်းမှာထိုင်ရမလို ထရမလိုနဲ့
မလုံမလဲဖြစ်နေတော့ထယ်ယောင်းကဘဲ~~
"ပေါ့ပေါ့ပါးပါးနေပါ မင်းရဲ့စိတ်ကိုရှင်းရှင်းထား
ကလေးအပေါ်မနာလိုမဖြစ်နဲ့ ဒါဆိုရင်အဆင်ပြေတယ်~"
"ကျွန်မလုပ်ခဲ့မိတဲ့အမှားတွေက Oppaကိုချစ်လို့ဖြစ်ခဲ့တာတွေဆိုဘေမဲ့ တောင်းပန်ပါတယ် ခွင့်လွတ်ပေးပါ~"
"မင်းတကယ်အမှားကိုသိလို့ ပြင်ဆင်လိုစိတ်နဲ့တောင်းပန်တာဆိုရင် ငါခွင့်လွတ်ပါတယ်~"
"ကျေးဇူးပါOppa~"
ခွင့်လွတ်တယ်ဘာညာနဲ့သူ့ကိုဆွဲထားတာကို
ဆယ်ယောင်းကျေနပ်နေဘေမဲ့ တကယ်တမ်းတော့
ထယ်ယောင်းက သူသံသယဝင်နေတဲ့ဆယ်ယောင်းအဖေကိုစစ်ဆေးချင်သေးလို့~
"မနက်စာရပါပြီအစ်ကိုလေး~"
"စားလို့ရပြီအသေးလေး ဖြည်းဖြည်းစားနော်~"
"ဟုတ်~"
"ပူတယ်အသေးလေးရဲ့ ဦးလုပ်ပေးမယ်ပေး~"
အခုမှချလာတဲ့ ငှက်ပျောပူတင်းပူပူနွေးနွေးကို
ထယ်ယောင်းက သေသေချာချာခူးခပ် မပူအောင်မှုတ်ပေးပြီးတစ်ခါတည်းခွံ့ကျွေးပေးလေရဲ့~
"စားကောင်းတယ်ဦး အရမ်းချိုတယ်~"
"အချိုချည်းဘဲမစားရဘူးနော် စာသင်ချိန်မှာ
အိပ်ငိုက်နေမယ်~"
"ပန်းပွင့်စိမ်းနဲ့မုန်လာဥလဲစားမှာလေ~"
"ဒါမှပေါ့ ကလေးကလိမ္မာတယ်~"
YOU ARE READING
~~သွေး~~{Complete}