"အဲ့မီးကြောင်လေးက သူများဟာလေသားရယ်
သားလိုချင်ရင်Ommaဝယ်ပေးမှာပေါ့~"*

ဂျောင်ကုတို့သားအမိရဲ့အမှတ်တရvideoလေးတွေက
တကယ်ကိုတန်ဖိုးရှိတာမို့ ထယ်ယောင်းလဲ
သူ့ရဲ့lap topထဲပြောင်းထည့်ကာ ရိုးရိုးvideoတွေကိုfileသပ်သပ် ဝန်ခံထားတဲ့videoသုံးပုဒ်ကိုကfileသပ်သပ်နဲ့သိမ်းထားလိုက်တယ်။

"ဟင်?..နောက်ဆုံးရိုက်ထားတဲ့videoက
ဘာလို့အရမ်းရှည်နေတာလဲ~"

"အင်း~~"

နောက်ဆုံးနဲ့အရှည်ဆုံးဖြစ်နေတဲ့videoကို
ထယ်ယောင်းကြည့်ဖို့အလုပ် အိပ်ယာပေါ်ကဂျောင်ကုက
လူးလွန့်လာတာမို့laptopကိုပိတ်ကာအိပ်ယာဆီသွားအိပ်ရတာပေါ့~

*အသေးလေးတောင် ပိစိလေးကနေအခုတော်တော်ထွားလာပြီ~*

"စိတ်တိုဖို့ကောင်းလိုက်တာOppaကငါ့ကို
သံသယဝင်လာပြီ အဲ့တာဟိုကောင်လေးပြောလို့နေမှာ
ဂြိုလ်ဆိုးကောင်~"

ထယ်ယောင်းနဲ့ဂျောင်ကုက အေးအေးချမ်းချမ်း
အိပ်စက်အနားယူနိုင်ကြဘေမဲ့ မာဆယ်ယောင်းတစ်ယောက်ကတော့ မအေးချမ်းနိုင်ဘဲ တစ်ညလုံးအကြံဉာဏ်တွေထုတ်နေရပြီ~

"ရာသီဥတုအေးလာပြီ အနွေးထည်ထပ်ထားဦးအသေးလေး~"

"အပါးဆိုရင်ရပြီ အထူကြီးမဝတ်ချင်ဘူး~"

"အဲ့တာဆိုရင် မထူမပါးကိုဝတ်လိုက်~"

မနက်အိပ်ယာထ ရေချိုးပြီးတာနဲ့
အဝတ်စားဝတ်ကြတဲ့ထယ်ယောင်းနဲ့ဂျောင်ကုက
ရုံးသွား ကျောင်းသွားကြရမှာမို့ အမြန်လေးပြင်ဆင်ပြီး
အောက်ထပ်ဆင်းသွားတော့ဆယ်ယောင်းကအသင့်~

"ဆင်းလာကြတာနဲ့အတော်ဘဲ မနက်စာချက်ပြီးသွားပြီ
လာထိုင်ကြတော့ စားဖို့လုပ်ပေးမယ်~"

"ဦး~Kookieက အစ်မဆယ်ယောင်းလုပ်ပေးတဲ့မနက်စာကိုမစားချင်ဘူး~"

"ဟုတ်ပါပြီ ဦးအသစ်လုပ်ခိုင်းလိုက်မယ်နော်~"

"အန်တီကြီးတွေကိုဘဲလုပ်ခိုင်း~"

"Okပါ ကလေးရေ~"

ပြောပြီးတာနဲ့ထယ်ယောင်းက သူတို့နှစ်ယောက်စားဖို့မနက်စာကိုအိမ်အကူတွေကိုလုပ်ခိုင်းတော့ ဆယ်ယောင်းအတော်လေးဒေါသထွက်သွားတာအမှန်~

~~သွေး~~{Complete}Where stories live. Discover now