"မင်းအဓိကပြောချင်တာအဲ့တာလား
မဟုတ်ရင် ကျော်လိုက်တော့~"
"ကျစ်!~kookieနဲ့Oppaရဲ့နေထိုင်ပုံတွေကမဟုတ်သေးဘူးနော် ဦးလေးနဲ့တူက အဲ့လိုမျိုးပူးကပ်မနေသင့်ဘူးလေ
အမြင်မသင့်ဘူး~"
"အသေးလေးနဲ့ငါနဲ့က သွေးရင်းသားရင်းပါ့မဟုတ်တာ
ဦးလေးနဲ့တူဆိုတာလဲမဟုတ်ဘူး သူ့အမေကငါထက်
အသက်တစ်နှစ်ကြီးလို့သူကငါ့ကို ဦးလို့ခေါ်တာ~"
"ဘာ?? သွေးရင်းသားရင်းတွေမဟုတ်ဘူး?"
"သွေးရင်းသားရင်းဆိုရင်ငါက အခုလိုတွေ နေပါ့မလား~"
*ဒါကြောင့်မို့တိတ်တိတ်ပုန်းညားနေကြတာကိုး~*
"အဲ့တာဆိုဘာလို့ ကျွန်မကိုလိမ်ပြီးမိတ်ဆက်ပေးတာလဲ
ဘာသဘောလဲ~"
"မင်းမသိရင် ပိုကောင်းမှာမို့လို့လေ~"
"ဘာ!"
"မင်းသိချင်တာတွေကိုသိရပြီဆိုတော့
ငါသိချင်တာတွေကိုမေးပါရစေ ငါ့ရဲ့အရေးကြီးစာရွက်စာတမ်းတွေကိုအသေးလေးဖျက်ဆီးတာကို
အရင်ဆုံးမြင်တဲ့သူကမင်းနော်?"
"ဟုတ်တယ်လေ ကျွန်မမြင်လို့ ရှင့်ကိုအရင်လာပြောတာပေါ့~"
"ဒါဆို အသေးလေးလုပ်တာကိုမြင်မြင်ချင်းမှာ
ချက်ချင်းတားပြီး ဘာစာရွက်လဲဆိုတာဘာလို့မစစ်တာလဲ
မင်းလဲကုမ္ပဏီကြီးတစ်ခုမှာအလုပ်လုပ်နေတဲ့သူလေ
အရေးကြီးတဲ့စာရွက်ဆိုတာကြည့်တာနဲ့သိတယ်~"
ထယ်ယောင်းရဲ့စကားကြောင့်
အပြစ်လုပ်ထားတဲ့ဆယ်ယောင်းမှာ မျက်လုံးတွေဂနာမငြိမ်
လက်တွေကလဲဟိုပွတ်ဒီပွတ်နဲ့ ဖြေစရာစကားလဲမရှိ~
"ဦးရေ~kookieရေသောက်ချင်တယ်~"
"လာပြီနော်အသေးလေး~ မင်းသတိထားပါမာဆယ်ယောင်း ငါအများကြီးမပြောချင်ဘူး~"
ဂျောင်ကုကခေါ်လာပြီမို့ သတိပေးစကားပြောကာ
အောက်ထပ်ဆင်းသွားတဲ့ထယ်ယောင်းကြောင့် ဆယ်ယောင်းခနတာလွတ်မြောက်သွားဘေမဲ့ဘာဆက်ဖြစ်ဦးမလဲတွေးရင်း စိတ်မအေးနိုင်~
"ရေရပြီအသေးလေး~"
"ဦးကလဲကြာလိုက်တာ kookieကရေဆာနေပါပြီဆို~"
YOU ARE READING
~~သွေး~~{Complete}