"..................."
*"သားကိုစောင့်ရှောက်နိုင်ဖို့ လိုအပ်တဲ့ငွေကို
ခန္ဓာကိုယ်ရောင်းပြီးရှာခဲ့မိလို့တောင်းပန်ပါတယ်
သားကိုမိန်းမအင်္ဂါပါအောင်မွေးပေးခဲ့မိလို့လဲတောင်းပန်ပါတယ်~"*
"အဲ့တာကြောင့် အသေးလေးကို လိုတာထက်ပိုပြီး
ကာကွယ်နေခဲ့တာကို သူ့လိုမဖြစ်ဖို့~"
*"သားလေးကိုOmmaလိုဘဝမျိုးမရောက်စေချင်လို့
Ommaအိမ်ထောင်မပြုရဲဘူး ပြီးတော့
ပတ်ဝန်းကျင်နဲ့လဲမမိတ်ဆက်ပေးရဲဘူး ဖြစ်နိုင်ရင်
သားကိုအခန်းထဲပိတ်ပြီးဝှက်ထားလိုက်ချင်တာ~"*
အခုမှအဖြစ်မှန်တွေကိုသိသွားတဲ့ထယ်ယောင်းက
ဂျောင်ကုကို သူ့အမေနဲ့ပတ်သက်ပြီး
ပြောခဲ့ဆိုခဲ့မိတာတွေကိုနောင်တရလို့မဆုံး~
"အင်း~ဦး~~"
"လာပြီအသေးလေးရေ~"
အိပ်ယာပေါ်က ဂျောင်ကုကအသံပြုလာတော့
ထယ်ယောင်းလဲcameraကိုပိတ်
အိပ်ယာပေါ်အမြန်သွားကာ ဂျောင်ကုကိုဖက်ထားပေးရတယ်။
*အရမ်းခက်ခဲတဲ့ဘဝမှာရှင်သန်ခဲ့ရတာဘဲ~*
"ဟင့်...အဟင့်~"
"ကျွတ်...ကျွတ်...ကျွတ်..ဦးရှိတယ်အသေးလေးရေ~"
ဂျောင်ကုရဲ့ အိပ်နေရင်းဖြစ်ပေါ်တတ်တဲ့အရာလေးတွေ
ထွက်ပေါ်တတ်တဲ့အသံလေးတွေကြောင့်
ထယ်ယောင်းဝမ်းသာပျော်ရွှင်ကာ ဂျောင်ကုကိုဖက်ထားလိုက်တာမလွတ်တော့~
"အိပ်မက်လှလှမက်ပါစေကလေးရေ...မွ~"
ဂျောင်ကုရဲ့နဖူးလေးကိုဖိနမ်းကာအိပ်လိုက်တဲ့ထယ်ယောင်းက
မနက်မိုးလင်းချိန်မှာတော့ သူ့အိမ်ပြန်ဖို့အတွက်
အကုန်ပြင်ဆင်ထားလိုက်လေရဲ့~
"ဖိုးဖိုးနဲ့ဖွားဖွား kookie ဦးနောက်လိုက်သွားမယ်နော်~"
"ဟုတ်ပါပြီ Kookieလေးရဲ့သဘောပါ
ပြန်လိုက်သွားချင်လဲရတယ် မလိုက်ချင်လဲရတယ်~"
"ကျောင်းပိတ်တိုင်း လာလည်မယ်နော်~"
"အင်းပါ မငိုရဘူးလေ မနက်စာကိုကုန်အောင်စားဦး~"
သူ့မိဘအိမ်ကနေဂျောင်ကုကိုခေါ်ဖို့လုပ်တိုင်း
မျက်ရည်မျက်ခွက်ဖြစ်ရှာတဲ့ဂျောင်ကုကြောင့်
ထယ်ယောင်းစိတ်ထဲမကောင်း~
YOU ARE READING
~~သွေး~~{Complete}