"ဖျက်ဆီးလိုက်တာကဟုတ်ပါတယ်~"

"ဒါဆိုဘာကမဟုတ်တာလဲ~"

"အဲ့တာက~"

"​ဘာကိုမှမကြောက်ဖို့ဖွားဖွားပြောထားတယ်လေ~"

"ဦးရဲ့ရည်းစားက ဦးကအဲ့စာရွက်တွေကိုဖျက်ဆီးခိုင်းထားတယ်ပြောလို့~~"

"ဘာ!...အဲ့ဟာမ အဲ့တာကြောင့်စတွေ့ကတည်းက
သူ့ကိုကြည့်မရတာ~"

"သူများကိုအပြစ်မတင်ပါနဲ့ဖွားဖွားရယ်
kookieအ လို့ အယုံလွယ်လို့ခံရတာပါ~"

"မဟုတ်တာဘဲသားရယ်~"

"kookieလဲဖွားဖွားကိုတစ်ခုလောက်မေးချင်တယ်
မေးလို့ရမလား~"

"မေးလေ ဘာမေးမှာလဲ~"

"kookieမေမေက ပြည့်တန်ဆာအလုပ်လုပ်စားခဲ့တာဆို~"

"ဘယ်..ဘယ်သူကပြောလိုက်တာလဲ
မဟုတ်ပါဘူး~"

"သူများပြောရင်ယုံမှာမဟုတ်ဘေမဲ့ ဦးကိုယ်တိုင်ပြောလို့~"

"ဘာ! အဲ့ကောင်လေးကတော့.......

"ဦးကိုစိတ်မဆိုးပါနဲ့ဖွားဖွား Kookieလဲသိဖို့အရွယ်ရောက်ပါပြီ ဘယ်လောက်ဘဲဖုံးကွယ်ထားဖုံးကွယ်ထား
အမှန်တရားက တစ်နေ့တော့ပေါ်လာမှာဘဲလေ~"

ဂျောင်ကုတို့ပြောနေတာတွေအကုန် ကြားလိုက်ရတဲ့ထယ်ယောင်းတစ်ယောက် လက်ထဲမှာခရမ်းချဥ်သီးတွေနဲ့
မီးဖိုထဲမဝင်တတ်တော့~

"kookie~သားရဲ့အမေက ဘာအလုပ်ဘဲလုပ်ခဲ့လုပ်ခဲ့
သားကိုတော့တကယ်ချစ်ပြီး တကယ်ကာကွယ်ချင်ခဲ့တာပါ~"

"kookieယုံပါတယ်~"

"အဲ့တာကြောင့် သားက အတိတ်ကိုကြည့်ပြီး
ဝမ်းနည်းနေမယ့်အစား ပစ္စုပ္ပန်မှာပျော်ပျော်နေပြီး
အနာဂါတ်အတွက် ကောင်းတာတွေလုပ်ဖို့စဥ်းစားသင့်တယ်~"

"ဟုတ်ကဲ့ပါဖွားဖွား ကျေးဇူးတင်ပါတယ်~"

"မလိုပါဘူးကွယ်...ကဲ..ဒါလေးကျက်ရင်ရပြီ စားရုံဘဲ~"

"အဲ့တာဆိုkookieရေသွားချိုးလိုက်ဦးမယ်ဖွားဖွား~"

"သွားချိုးလေ မြန်မြန်လဲချိုးဦးနော်~"

"ဟုတ်~"

ရေချိုးဖို့အတွက် အရင်ကထယ်ယောင်းနေခဲ့တဲ့အခန်းထဲ
ဂျောင်ကုဝင်သွားတော့ အိပ်ယာပေါ်အဆင်သင့်ရောက်နေတဲ့ထယ်ယောင်းကိုတွေ့လေရဲ့~

~~သွေး~~{Complete}Where stories live. Discover now