*"လူတွေကကြောက်ဖို့ကောင်းတယ်~"*
"မေမေပြောခဲ့တာကို အခုမှနားလည်တယ်
လူတွေကတကယ်ကြောက်ဖို့ကောင်းတာဘဲ
ရှေ့တစ်မျိုး နောက်တစ်မျိုးနဲ့~"
*မေမေကမကောင်းတဲ့အလုပ်လုပ်ခဲ့တော့
ဦးရဲ့ရွံရှာမှုကkookieကိုပါတက်ရောက်လာတယ်
ဒါဘေမဲ့မေမေ့ကိုအပြစ်မတင်ပါဘူး မေမေလဲ
အရမ်းခက်ခဲခဲ့လို့နေမှာပါ~*
အရင်ကသူတို့သားအမိနေခဲ့တဲ့အိမ်ထဲက
သူနဲ့သူ့အမေရဲ့ဓာတ်ပုံရှေ့ကြမ်းပြင်မှာထိုင်နေတဲ့ဂျောင်ကုကဆယ်ယောင်းရဲ့ယုတ်မာမှုကိုကိုယ်တိုင်ကိုယ်ကျသိလိုက်ရတာမို့ လူတွေကိုအတော်ကြောက်သွားရှာတာ~
"ဟူးး~"
"Oppa ဘာလို့ခနခန သက်ပြင်းချနေတာလဲ~"
"ဘာမှမဟုတ်ပါဘူး ဒီတိုင်းပါဘဲ~"
"ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့နော်
အရာအားလုံးအဆင်ပြေသွားမှာပါ~kookieကလဲ
သမင်လုပ်တာမဟုတ်လောက်ပါဘူး~"
*ဆယ်ယောင်းကတကယ်စိတ်ကောင်းရှိတာဘဲ~*
ဆယ်ယောင်းရဲ့လုပ်ရပ်တွေကိုဘာမှမသိဘဲ
အပေါ်ယံလေးဘဲမြင်နေတဲ့ထယ်ယောင်းက
ဂျောင်ကုကိုဘဲသတိရနေတဲ့သူ့ကိုယ်သူတောင်အပြစ်ရှိသလိုခံစားနေရသေး~
*မဖြစ်သေးပါဘူးလေ လုပ်သင့်တာကိုလုပ်ရမယ်~*
"မင်းရဲ့မိဘတွေနဲ့ထပ်တွေ့ရအောင်လေ
ဟိုတစ်ခေါက်ကကောင်းကောင်းဧည့်မခံလိုက်ရဘူး~"
"တကယ်လားOppa~"
"ဟုတ်တယ် တကယ်ပြောတာ~"
"ဟုတ်ပြီ အဲ့တာဆို Ommaတို့ကိုဖုန်းဆက်လိုက်မယ်~"
ဂျောင်ကုကိုတမ်းတနေတဲ့သူ့ရဲ့စိတ်တွေကို
အပြတ်ရှင်းထုတ်ဖို့အတွက် ဆယ်ယောင်းကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်တဲ့ထယ်ယောင်းက ဆယ်ယောင်းအဖေကိုတွေ့တိုင်းစိတ်ထဲမရှင်းနေ~
"ရော့ ဒီမှာ ဆယ်ယောင်းအတွက်
ဟိုတစ်ပတ်ကလိုချင်တယ်လို့ပြောထားတဲ့ အိတ်~"
"အိုး..ပျော်လိုက်တာ Oppaက အခုနောက်ပိုင်း
ကျွန်မကို အရမ်းအလိုလိုက်တာဘဲ~"
YOU ARE READING
~~သွေး~~{Complete}