"အသေးလေးရော အသေးလေးဘယ်သွားနေလဲ~"
"ဒီနေ့ပြန်မလာသေးလို့ အစ်ကိုလေးနဲ့အတူရှိနေတယ်ထင်တာလေ~"
"ဘာ!...ပြန်မလာသေးဘူးဟုတ်လား~"
"ဟုတ်တယ်လေ~"
အိမ်အကူတွေရဲ့စကားကြောင့်ထယ်ယောင်း သူ့မန်နေဂျာကိုဖုန်းဆက်မေးရာသူ့မိဘအိမ်ပြန်သွားတယ်ဆိုလို့
အမေဖြစ်သူကိုဖုန်းဆက်ရပြန်ရော~
"အခုမှဘဲဆက်လာတော့တယ် ဘာတွေဖြစ်ကြတာလဲပြောပါဦး kookieကငိုပြီးပြန်လာတာ ဘာမှမေးလို့လဲမရဘူး
အခုတော့အိပ်နေတယ်~"
"ဟူးး..ကျွန်တော့်ရဲ့အရေးကြီးစာရွက်တွေကိုဖျက်ဆီးလို့
ကျွန်တော်လဲဒေါသထွက်ထွက်နဲ့အော်ငေါက်လိုက်တယ်~"
"အရေးကြီးစာရွက်တွေကိုဖျက်ဆီးတယ်??"
"ဟုတ် အလုပ်စာရွက်တွေပါ~"
"kookieကအဲ့လိုကလေးမျိုးမဟုတ်ပါဘူး
Ommaတို့နဲ့12နှစ်တောင်အတူနေလာတာ
သူ့အဖိုးရဲ့အလုပ်စာရွက်တွေတစ်ခါမှယူမဆော့ဖူးဘူး~"
"ကျွန်တော်အရမ်းအလိုလိုက်ထားလို့ဖြစ်ရတာပါ
ကျွန်တော့်အမှားပါ~"
"အဲ့လိုလဲမဟုတ်ပါဘူးကွယ် ကဲပါ kookieကို
Ommaတို့ဘဲကရုစိုက်လိုက်ပါ့မယ် သားကအရင်လို
လွတ်လွတ်လပ်လပ်နေပါ~"
"ဟုတ်~"
သူ့အမေပြောသလို အရင်လိုနေကြည့်ဖို့ကြိုးစားဘေမဲ့
ညဆိုရင် ဘေးနားမှာအိအိအက်အက်လုပ်မယ့်သူမရှိလို့
အိပ်မပျော်သလို ထမင်းစားရင်လဲ ဟိုဟာလုပ်ပေး
ဒီဟာယူပေးလို့ပြောမယ့်လူမရှိလို စားမဝင်သလိုလိုနဲ့
နေရတာမပျော်တဲ့ထယ်ယောင်းပါလေ~
"စားဦးလေOppa..ဘာလို့ဆက်မစားတော့တာလဲ~"
"တော်ပြီ ငါဗိုက်ပြည့်ပြီ မင်းစားပြီးရင်လာခေါ်လိုက်
အလုပ်သွားမယ်~"
"ဟုတ်ကဲ့ပါ~"
ဂျောင်ကုကိုကျောင်းလိုက်မပို့ရလို့
အချိန်တွေပိုနေသလိုဖြစ်နေတဲ့ထယ်ယောင်းက
ငေးငေးငိုင်ငိုင်နဲ့ မနက်စာလဲကောင်းကောင်းမစား~
"မေမေ~kookieက သူများကိုဒုက္ခရောက်အောင်လုပ်တတ်တဲ့သူမဟုတ်ဘူး စိတ်လဲမပုပ်ဘူး
ဒါကြောင့်မို့လို့မေမေက လူကောင်းဟုတ်တယ်မဟုတ်လားဟင်~အဲ့တာကိုဦးကဘာမှလဲမသိဘဲနဲ့~"
YOU ARE READING
~~သွေး~~{Complete}