"ဟင့်အင်း...အီးးဟီးးး~"
ပြောတဲ့အတိုင်းလုပ်ဘေမဲ့ ကြမ်းတမ်းစွာပြောဆိုခံလိုက်ရလို့
ဝမ်းနည်းစွာငိုကြွေးနေတဲ့ဂျောင်ကုကိုအခန်းထဲထားခဲ့ကာ
အပြင်ထွက်သွားတဲ့ထယ်ယောင်းက ဒေါသတွေနဲ့မို့
ပျော်မဆုံးနိုင်ဖြစ်ကာ သူ့လူကိုဖုန်းဆက်တဲ့ဆယ်ယောင်းကိုမမြင်~
"နင်တို့တွေဘာလို့ ငါကျွေးလိုက်တဲ့အစာကိုအချိန်မှီမစားကြတာလဲ~"
"မင်းရဲ့အစာက အကြမ်းပတမ်းဆွဲစားလို့မရဘူးဟ
အဲ့တာကြောင့်ငါတို့ကအပျော့ဆွဲလေးဆွဲနေတာကို
မင်းနဲ့ဟိုအဖိုးကြီးကရောက်လာတာလေ~"
"ငါတို့လာတာစောသွားဘေမဲ့ ထိရောက်မှုရှိလို့
ငါကျေနပ်တယ် ဒီထက်ပိုပြီးထိရောက်လိုက်ရင်ပိုလို့တောင်ကျေနပ်ရဦးမှာ..ဟားဟားး~"
ယုတ်မာစွာနဲ့ဖြူစင်တဲ့ကလေးကိုချောက်ချခဲ့တဲ့ဆယ်ယောင်းက ကျေနပ်စွာရယ်မောရင်း မနက် အောက်ထပ်ဆင်းလာရာ
ထယ်ယောင်းကအိမ်ရှေ့ခန်းsofaပေါ်အိပ်နေတာမို့
စောင်ပါးလေးခြုံပေးလိုက်ပြီး သူကမနက်စာသွားလုပ်လေရဲ့~
*ပျော်လိုက်တာ ဒီနေ့ရဲ့မနက်စာကိုအကောင်းဆုံးလုပ်ရမယ်~*
"ဝှါးး...အင်းး~"
ထယ်ယောင်းတစ်ယောက်ဂျောင်ကုကိုစိတ်တိုတိုနဲ့
ဧည့်ခန်းမှာသာအိပ်ပျော်သွားပြီး မနက်နိုးလာတော့
မနေ့ညကဂျောင်ကုဘယ်လိုအိပ်လဲစိတ်ပူတာကြောင့်
အခန်းထဲအမြန်ပြေးကြည့်တော့ ဂျောင်ကုကရေချိုးလို့တောင်တက်ခဲ့ပြီ~
*Clubတောင်သွားတတ်သေးတာဘဲ
ကိုယ့်ဟာကိုယ်လဲအိပ်တတ်မှာပေါ့ အလကားစိတ်ပူမိနေပြန်ပြီ~*
သူလဲစကားတစ်ခွန်းမှမပြောသလို ဂျောင်ကုလဲ
သူ့အကြည့်တွေကိုရှောင်နေတာမို့ ထယ်ယောင်းလဲ
ရေချိုးခန်းထဲဝင်ရေချိုးလိုက်တယ်။
*ဦးကငါ့ကိုစိတ်ဆိုးသွားပြီ ငါဘာအမှားလုပ်မိလဲတကယ်မသိတော့ဘူး ပြီးတော့ငါ့အမေက
ပြည့်တန်ဆာအလုပ်လုပ်စားရင်း ငါ့ကိုရခဲ့တာလား~*
"အဲ့တာကြောင့် ဖွားဖွားတို့ကိုအဖေအကြောင်းမေးတိုင်း
ဘာမှရေရေရာရာမဖြေခဲ့တာကိုး~"
YOU ARE READING
~~သွေး~~{Complete}