"အင်းပါOppaရယ်~ဒီနေ့အတွက်တောင်းပန်ပါတယ်
ဒေါသလေးလျှော့ပြီးအနားယူပါဦး~"
အားလုံးကိုလဲဆူသင့်သလောက်ဆူပြီးပြီမို့
ထယ်ယောင်းလဲစိတ်လျှော့ကာ ဆယ်ယောင်းနဲ့ခနထိုင်
ရေလေးသောက်ပြီး အပေါ်ထပ်တက်ဂျောင်ကုဆီသွားပြန်ပြီ~
*ကျွန်မက ဒီလောက်နဲ့ရပ်မယ်ထင်နေလား
အခုတော့ပျော်ထားကြဦးပေါ့~*
"hello မမ~"
"kookieရေ စာသင်နေတာလား~"
"မဟုတ်ဘူးမမ နားချိန်ပါ ဘာပြောမလို့လဲ~"
တနင်္လာနေ့ဂျောင်ကုကျောင်းမှာရှိနေချိန်
ဖုန်းဆက်လာတဲ့ဆယ်ယောင်းကြောင့်
ဂျောင်ကုလဲဖုန်းကိုင်ရတာပေါ့~
"ဘာရယ်မဟုတ်ပါဘူး ဒီညနေkookieရဲ့ဦးက
ကျောင်းလာကြိုနိုင်မှာမဟုတ်ဘူး~"
"ရပါတယ် မန်နေဂျာဦးလေးကြီးလာကြိုပေးမှာပေါ့~"
"ပြောချင်တာအဲ့တာ~kookieရဲ့ဦးလာမကြိုနိုင်တော့
kookieကကိုယ့်ဟာကိုယ်busကားစီးပြီးအိမ်ပြန်လိုက်လေ အဲ့တာကိုအောင်အောင်မြင်မြင်လုပ်နိုင်ရင်Oppaက
ဘယ်လောက်တောင်ဂုဏ်ယူလိုက်မလဲ~"
"ဟုတ်ပါ့မလားမမရဲ့~"
"ဟုတ်တာပေါ့ ဘာလို့မဟုတ်ရမှာလဲ~"
"kookie busကားမစီးဖူးဘူး~"
"ကြိုးစားကြည့်ပါ လွယ်ပါတယ် သူများတွေလဲစီးနေတာဘဲ~"
"ဟုတ်~"
နောက်တစ်ကြိမ်ဆယ်ယောင်းရဲ့စကားကိုနားယောင်သွားပြန်တဲ့ဂျောင်ကုကဆယ်ယောင်းပြောသလိုလုပ်ဖို့ဆုံးဖြတ်ပြီး
ဆယ်ယောင်းကညနေကျောင်းဆင်းချိန်ရောက်ဖို့တစ်နာရီအလိုမှာထယ်ယောင်းဆီသို့~
"Oppa~"
"ဆယ်ယောင်းပါလား အလုပ်ဆင်းပြီလားစောလိုက်တာ~"
"မဆင်းသေးပါဘူး နေ့တစ်ပိုင်းခွင့်ယူခဲ့တာ~"
"ဟင် ဘာဖြစ်လို့လဲ နေမကောင်းလို့လား~"
"မဟုတ်ပါဘူး Appaနဲ့Ommaလာလို့သွားတွေ့မလို့
အဲ့တာOppaကိုပါလာခေါ်တာ~"
ဆယ်ယောင်းကထယ်ယောင်းပေါင်ပေါ်ထိုင်ရင်း
ချွဲနွှဲ့ကာပြောဆိုနေတော့ ထယ်ယောင်းလဲနာရီတစ်ချက်ကြည့်ပြီး ဆယ်ယောင်းနဲ့အတူလိုက်သွားလေရဲ့~
YOU ARE READING
~~သွေး~~{Complete}