"အမြဲတမ်းချစ်ရမှာနော်ဦး~"
"ဟုတ်ပါပြီ အမြဲတမ်းချစ်မှာပါ..ကဲကြည့်ရအောင်
အဖျားကမရှိဘူး ဒါဘေမဲ့ရှိချင်နေတယ် နောက်နေ့ရေမဆော့ရဘူးနော်~"
"kookieရေမဆော့ဘူး ဂျောင်အီတို့ကိုရေချိုးပေးတာအရမ်းနံနေလို့~"
"နံနေရင်လဲအိမ်အကူတွေကိုလျှော်ခိုင်းလေအသေးလေးရယ်
နောက်ပြီး ဦးမရှိတုန်း ပုရွက်ဆိတ်ကိုက်သွားရင်တောင်
ဦးကိုဖုန်းဆက် ဟုတ်ပြီလား~"
"ဟုတ်ကဲ့~"
"လိမ္မာတယ် ပြောစကားနားထောင်ရင် ဦးကအရမ်းချစ်တာ..မွ~"
ထယ်ယောင်းကဂျောင်ကုကိုတဖွဖွနမ်းရင်း
လက်ကဒဏ်ရာသေးသေးလေးကိုလဲ
ဆေးထည့်ပြီးပတ်တီးစည်းပေးထားတော့
ဆယ်ယောင်းကြည့်မရ~
"အင်္ကျီလဲတော့လေOppa ပြီးရင် သက်သောင့်သက်သာအနားယူပါဦး~"
"ဟုတ်သား ဦးအဝတ်စားလဲဦးမယ်
အသေးလေးကဦးဝတ်ဖို့အဝတ်စားရွေးပေး~"
"kookieလမ်းလျှောက်မယ် ဦး~"
"မလျှောက်ပါနဲ့ တစ်နေကုန်ဆော့နေရတာညောင်းနေမှာပေါ့~"
အဝတ်စားလဲဖို့အတွက် အဝတ်စားရွေးကိုတောင်
ဂျောင်ကုကိုပွေ့ခေါ်သွားတဲ့ထယ်ယောင်းက
ဆယ်ယောင်းကိုအရေးမလုပ်~
"ကဲကိုကဲတယ် ဘာမဟုတ်တာလေးကို
ဟိုနှစ်ယောက်ခနလောက်~"
"ဘာများအလိုရှိပါသလဲရှင်~"
"ဘာမှမလိုဘူး မင်းတို့ရဲ့အစ်ကိုလေးနဲ့ဟိုကောင်လေးက
ရိုးရောရိုးသလား~"
"ကျွန်မတို့တာဝန်က အိမ်မှုကိစ္စလုပ်ဖို့ပါ
အစ်ကိုလေးရဲ့ကိုယ်ရေးကိုယ်တာကိုဝေဖန်ဖို့မဟုတ်ပါဘူး~"
"အိမ်ဖော်ကအစအကြောတင်းပါလား ရပြီသွားတော့~"
ဆယ်ယောင်းကသူ့ကိုယ်သူ အိမ်ကြီးရှင်မကြီးလိုလုပ်နေပြီး
ထယ်ယောင်းကတော့ သူဝတ်ဖို့အဝတ်စားကို
ဂျောင်ကုကိုရွေးခိုင်းနေတာ~
"ဒီဟာဝတ်လိုက် ဒီဟာဦးနဲ့လိုက်တယ်~"
"အသေးလေးကရွေးတတ်သားဘဲ ဦးဝတ်လိုက်မယ်နော်~"
YOU ARE READING
~~သွေး~~{Complete}