အခုလိုလေးကျပြန်တော့လဲ ဘာမနာလိုဝန်တိုမှုမှမရှိ
ဖြူဖြူစင်စင်လေးမို့ သုံးယောက်သားရဲ့
မနက်စာစားသောက်ဝိုင်းလေးဟာသာသာယာယာပြီးသွားရော~

"ကျောင်းပို့မယ်အသေးလေး လာ~"

"ခနလေး kookieရဲ့လွယ်အိတ်ရော~"

"ဦးယူခဲ့ပြီ လာတော့~"

"ဟုတ်~"

"ဆယ်ယောင်းရော တစ်ခါတည်းလိုက်ခဲ့လေ
ကိုယ်လိုက်ပို့ပေးမယ်~"

"အဲ့လိုဆိုရင်တော့ ကျေးဇူးပါဘဲ~"

လူသုံးယောက်နဲ့ ကားတစ်စီးစီးကြချိန်မှာ
ထယ်ယောင်းကဒီတစ်ကြိမ်တော့ဆယ်ယောင်းကို
နောက်ခန်းမှာထိုင်ခိုင်းတာမို့ စိတ်မကြည်တော့တဲ့ဆယ်ယောင်း~

"ရောက်ပါပြီခဗျ~"

"ညနေကျရင်နောက်မကျစေနဲ့နော်ဦး kookieမစောင့်ချင်ဘူး~"

"ဟုတ်ပါပြီ လွယ်အိတ်လွယ် ကျောင်းမှာပျော်ပျော်နေခဲ့
စာကိုပုံမှန်လေးလုပ်~"

"ဟုတ်ကဲ့ သွားပြီနော်ဦး~"

"ဘာများကျန်သေးလဲမသိဘူးနော်~"

"အာဘွား...မွ~"

"ဟဟ...မွ...မွ~"

ရည်းစားဖြစ်တဲ့သူ့ကိုတောင်ဒီနေ့အတွက်မနမ်းရသေးတာကို
ဂျောင်ကုနဲ့ကျခနခနနမ်းနေတော့
ဆယ်ယောင်းစိတ်တိုတာအမှန်~

"အရှေ့ကိုလာတော့ဆယ်ယောင်း~"

"မလာချင်ဘူး~"

"ဘာဖြစ်ပြန်တာလဲ မနက်ကဘဲအကောင်းကို~"

"ဘာမှမဖြစ်ဘူး မောင်းတော့~"

"ဘာလဲ နောက်ခန်းမှာထိုင်ခိုင်းလိုက်လို့စိတ်တိုနေတာလား
အသေးလေးဆိုရင်နောက်မှာထိုင်ထိုင်ရှေ့မှာထိုင်ထိုင်ဘာမှမဖြစ်ဘူးနော်~"

"သူက Oppaရဲ့တူလေ ဘာဖြစ်မှာလဲ
ကျွန်မကရှင့်ရဲ့ချစ်သူလေ~"

"အဲ့လိုသဘောထားသေးသိမ်တာကိုငါမကြိုက်ဘူးဆယ်ယောင်း ဒီလိုဆိုငါတို့ရှေ့ဆက်လို့ရမှာမဟုတ်ဘူး~"

"Oppa!...ဘာလို့အဲ့လိုစကားကိုလွယ်လွယ်ပြောနိုင်ရတာလဲ ကျွန်မမှာတော့ရှင့်ကိုချစ်လွန်းလို့...ဟင့်~~"

~~သွေး~~{Complete}Where stories live. Discover now