*မနက်နိုးပေးတဲ့သူရှိတာကလဲမဆိုးပါဘူး~*

တစ်ယောက်တည်းသဘောကျရယ်ရင်း
ရေအမြန်ချိုးကာ အခန်းထဲပြန်ဝင်လာတော့
ဂျောင်ကုက အိပ်ယာပေါ်မှာထိုင်ရင်း မျက်လုံးကိုလက်နဲ့ပွတ်နေပြီ~

"နိုးပြီလားအသေးလေး~"

"ဟုတ်~"

"မျက်လုံးကိုအရမ်းကြီးမပွတ်နဲ့ နာကုန်လိမ့်မယ်~"

"kookieရေချိုးတော့မယ်~"

"ဟုတ်ပြီ သွားချိုးခဲ့ ဦးစောင့်နေမယ်နော်~"

ဂျောင်ကု ရေသွားချိုးတဲ့အချိန်မှာထယ်ယောင်းက
အဝတ်စားဝတ်ပြီးဂျောင်ကုကိုစောင့်နေကာ
ဂျောင်ကုပြီးမှသာ အောက်ထပ်ဆင်းလေရဲ့~

"စောင့်ရတာကြာသွားပြီလားဆယ်ယောင်း sorryနော်~"

"ရပါတယ်oppaရဲ့ ထိုင်ကြလေ Oppaနဲ့kookieအတွက်မနက်စာလုပ်ထားတာလေးယူလာခဲ့မယ်~"

"ကိုယ်တိုင်မလုပ်လဲရတာကိုဆယ်ယောင်းရယ်
ပင်ပန်းနေတော့မှာဘဲ~"

"မပင်ပန်းပါဘူး~"

ပြောပြီးတာနဲ့ဆယ်ယောင်းက ထယ်ယောင်းအတွက်
ကြက်ဥလိတ် ဝက်အူချောင်းကြော်နဲ့ပေါင်မုန့်မီးကင်အပြင်
coffeeလေးပါ ဖျော်လာပေးသေး~

"အသေးလေးကိုcoffeeမသောက်ခိုင်းဘူးနော်ဆယ်ယောင်း~"

"သိပါတယ် အဲ့တာကြောင့်နွားနို့ပူပူလေးကျိုထားပေးတယ်~"

ဂျောင်ကုအတွက်က ကြက်ဥလိတ် ပေါင်မုန့်မီးကင်
ဆားနဲ့ပြုတ်ထားတဲ့ပန်းဂေါ်ဖီစိမ်း မုန်လာဥနီနဲ့
နွားနို့ပူပူလေးမို့ ထယ်ယောင်းသဘောကျနေရော~

"ကျန်းမာရေးနဲ့ညီညွှတ်အောင်ပြင်ထားပေးတာပါလား
ဆယ်ယောင်းကတော်သားဘဲ~"

"မြောက်ပင့်လွန်းနေပါပြီ~"

"မနက်စာပြင်ပေးလို့ကျေးဇူးတင်ပါတယ်မမ~"

"ဟုတ်ကဲ့ပါရှင် နောက်နေ့တွေလဲပြင်ပေးပါ့မယ်~"

"ဟိဟိ..ကောင်းကောင်းစားပါ့မယ်~"

"ဖြည်းဖြည်းစားအသေးလေး..ဆယ်ယောင်းလဲစားနော်~"

"Nae Oppa~"

~~သွေး~~{Complete}Where stories live. Discover now