"Nae~အာ..kookieအခန်းကရောဘယ်မှာလဲoppa~"

"အသေးလေးက ကိုယ်နဲ့အတူတူအိပ်တာ~"

"အတူတူအိပ်တယ်??"

"ဟုတ်တယ် အသေးလေးကတစ်ယောက်တည်းမအိပ်ရဲသေးဘူးလေ အဲ့တာကြောင့်~"

ကျန်တာတွေကိုတော့ဖြည့်တွေးပေးလို့ရဘေမဲ့
ဒါကြီးကျတော့ ဘယ်လိုမှဖြည့်တွေးပေးလို့အဆင်မပြေတာမို့ဆယ်ယောင်းသဘောမကျတာအမှန်~

"ဟိုလေ Oppaစိတ်ဆိုးနိုင်ဘေမဲ့ တစ်ခုပြောမယ်နော်
kookieလေးကိုကရုစိုက်တာအလိုလိုက်တာတွေကို
နည်းနည်းလျှော့သင့်တယ်ထင်တယ် မဟုတ်ရင်kookieက
သူ့ကိုယ်သူအားကိုးတတ်တော့မှာမဟုတ်ဘူး~"

"ကိစ္စမရှိပါဘူး တစ်သက်လုံးလဲ ကိုယ်စောင့်ရှောက်နိုင်ပါတယ်~"

"အဲ့လိုလွယ်လွယ်မပြောနဲ့လေ kookieအတွက်လဲကြည့်ပေးဦး အသက်ကသာ16နှစ်ဖြစ်နေတာ လူကဘာမှမသိနားမလည်တဲ့ ငါးနှစ်သားကလေးလိုဘဲ oppaမရှိရင်သူဘယ်လိုနေမလဲ~"

"မင်းရဲ့စေတနာကိုကိုယ်နားလည်ပါတယ် ဒါဘေမဲ့
အသေးလေးအကြောင်းကိုယ်အသိဆုံးဘဲ~"

ပြောပြီးတာနဲ့သူ့အခန်းသူဝင်လာတဲ့ထယ်ယောင်းက
စာလုပ်နေတဲ့ဂျောင်ကုရဲ့ခေါင်းကို အသာပွတ်ပေးပြီး
သူလဲအလုပ်လုပ်ကာအရင်နေ့တွေလိုနေပြန်တာပေါ့~

*အရာအားလုံးကိုငါစီမံနိုင်တယ်~*

~~knock~~knock~~

"ဘယ်သူလဲ~"

"ကျွန်မဆယ်ယောင်းပါOppa~''

"အော် ဘာဖြစ်လို့လဲ~"

အပြင်ကနေတံခါးလာခေါက်တဲ့ဆယ်ယောင်းကြောင့်
ထယ်ယောင်းနာရီကိုကြည့်ကြည့်ရာ
မနက်7နာရီထိုးတော့မယ်~

"ဘာမှမဖြစ်ပါဘူး~Oppaကိုအိပ်ယာလာနိုးတာပါ
ကျွန်မမနက်စာပြင်ထားပေးတယ်~"

"ဟုတ်ပြီ ဟုတ်ပြီ ရေချိုးပြီးဆင်းလာမယ်နော်~"

"Nae~"

ထယ်ယောင်းတစ်ယောက်အိပ်ယာထဖို့အတွက်
သူ့ရင်ခွင်ထဲကဂျောင်ကုကိုကြည့်လိုက်ရာ
နှစ်နှစ်ရှိုက်ရှိုက်အိပ်နေတာမို့ နဖူးလေးကိုဖိနမ်းပြီး
သူကရေချိုးခန်းထဲဝင်ရေချိုးရတယ်။

~~သွေး~~{Complete}Tahanan ng mga kuwento. Tumuklas ngayon