ဘာမှမသိနားမလည်တဲ့ကလေးဘဝကတည်းက
အမေဖြစ်သူကဆုံးသွားပြီးMrs.kimတို့က
ကောင်းကောင်းကရုစိုက်ပြုစုစောင့်ရှောက်ခဲ့တော့
ဆုံးသွားတဲ့ကိုယ့်အမေဆီသွားရမယ့်အကြောင်းပြောနေတာတောင်ဂျောင်ကုကပြုံးပြုံးကြီး~
"ဟုတ် အဲ့တာဆိုဒါဘဲနော်~"
*တီး~*
"အသေးလေးရေ ဦးဆီကိုလာပါဦး~"
"လာပြီ~"
"အင့်...ခိုက်မိမယ်လေအသေးလေးရယ်
ဘာလို့ဇွတ်အတင်းဝင်တိုးတာလဲ~"
သူ့ရင်ခွင်ထဲခုန်ဝင်လာတဲ့ဂျောင်ကုကိုထယ်ယောင်းက
သေချာလေးထိန်းဖက်ကာ ပေါင်ပေါ်ထိုင်ခိုင်းတော့
ဂျောင်ကုကသူ့လည်တိုင်ကိုဖက်ထားပြီးပုခုံးပေါ်ခေါင်းမှီထားသေးတာ~
" ဦးဘာပြောမလို့ခေါ်တာလဲ~"
"အသေးလေးရဲ့အမေကိုမှတ်မိလား~"
"မှတ်မိတယ်လေ ဓာတ်ပုံထဲမှာတွေ့လို့~"
"ဦးပြောတာက အပြင်မှာလေ~"
"အဲ့လိုတော့မမှတ်မိဘူးလေ ဖွားဖွားကပြောတယ်
မေမေကကောင်းတာတွေလုပ်ခဲ့လို့နတ်ပြည်မှာ
အိမ်အကြီးကြီးနဲ့နေနေရတာတဲ့~"
"အင်းပါ မနက်ဖြန်အသေးလေးရဲ့မေမေဆီသွားကြမယ်နော် နတ်ပြည်ကနေအသေးလေးပြောသမျှကိုကြားရအောင်လို့
ပြာအိုးဆီကနေစကားသွားပြောကြမယ်~"
"ဟုတ်~"
အရင်ကဂျောင်ကုအမေဖြစ်ပျက်ခဲ့တာတွေကိုမှတ်မိနေတဲ့ထယ်ယောင်းက စိတ်မကောင်းဖြစ်နေဘေမဲ့
ဘာမှမမှတ်မိ ဘာမှမသိတဲ့ဂျောင်ကုကတော့ပုံမှန်ဘဲ~
"မနက်ဖြန်မေမေဆီသွားမှာဆိုတော့ ဦးကအလုပ်နားရမှာပေါ့~"
"မနက်ပိုင်းနားမှာလေ ညနေပိုင်းတော့သွားရမှာ
အသေးလေးကတော့ကျောင်းခွင့်ယူရမယ်~"
"အဲ့တာဆိုkookieက ညနေပိုင်းဆိုပျင်းနေမှာပေါ့~"
"မပျင်းပါဘူး အသေးလေးကြိုက်တဲ့ပန်းချီဆွဲပြီး
မုန့်တွေစားနေလေ~"
"kookieကဦးနဲ့အတူတူဆော့ချင်တာကို~"
"တနင်္ဂနွေနေ့မှဆော့ကြရအောင်နော် အသေးလေးကလိမ္မာပါတယ်~"
YOU ARE READING
~~သွေး~~{Complete}