"ceoရေ~~"

တစ်လမ်းလုံးဂျောင်ကုဆီက အမျိုးမျိုးသောစကားတွေကိုနားထောင်လာရတဲ့မန်နေဂျာတစ်ယောက်
ဂျောင်ကုကိုကျောင်းကြိုရမှာကိုလန့်လို့နေပြီ~

"ပင်ပန်းသွားပါပြီ~"

"အဆင်ပြေသွားလို့တော်သေးတယ်~"

"ceo~"

အလုပ်ကိစ္စပြီးလို့ရုံးခန်းကိုပြန်အလာ
နှုတ်ခမ်းကိုစူထားပြီး လက်ပိုက်ကာ
သူ့ကိုမျက်စောင်းထိုးနေတဲ့ဂျောင်ကုကို
မှေးငေါ့ပြလာတဲ့မန်နေဂျာကြောင့် ထယ်ယောင်းတစ်ချက်ပြုံးကာ ဂျောင်ကုကိုအနောက်ကနေသွားဖက်လိုက်လေရဲ့~

"မထိနဲ့~"

"ဦးအရမ်းပင်ပန်းလို့ပါကလေးရယ် ခနလောက်ဖက်ထားမယ်နော်~"

"မရဘူး~"

"ဦးဒီနေ့ ဧည့်သည်နဲ့ဘာအကြောင်းပြောခဲ့လဲသိချင်လား~"

"မသိချင်ဘူး~"

"ဧည့်သည်က ဦးကိုUKအလည်ခေါ်နေတာလေ
UKမှာမုန့်တွေFreeစားရမှာတဲ့ အဲ့တာကို ဦးက
အသေးလေးကိုရောခေါ်ခဲ့မယ်လို့ပြောလိုက်တာ သူကမရဘူးတဲ့ အဲ့တာနဲ့ဦးကအကြာကြီးညှိနှိုင်းနေရတာလေ
အခုတော့အဆင်ပြေသွားပါပြီ~"

"လိမ်နေတာမဟုတ်လား~"

"လိမ်စရာလားအသေးလေးရဲ့ ဦးကဘယ်တုန်းကလိမ်လို့လဲ~"

"အဲ့တာဆိုUKကို ဘယ်တော့သွားမှာလဲ~"

"အသေးလေးကျောင်းပိတ်တဲ့အခါပေါ့
အဲ့တာမှအကြာကြီးနေလို့ရမှာလေ~"

"မုန့်ကfreeစားရမှာဆိုတာတကယ်လား~"

"တကယ်ပေါ့~"

"အဲ့တာဆိုလဲပြီးရော~"

"ဟဟ..ဒီဘက်လှည့်ပါဦး အာဘွားပေးမလို့..အူးးမွ~"

အတူနေလာတာနှစ်လရှိပြီမို့ ဂျောင်ကုအကြောင်း
သိနေပြီဖြစ်တဲ့ထယ်ယောင်းက ဘယ်လိုစိတ်ကောက်ရင်
ဘယ်လိုချော့ရမယ်ဆိုတာသိနေတာကြောင့် ဂျောင်ကုကြာကြာစိတ်မကောက်ရ~

"ဘာတွေလဲceo UKသွားပြီး မုန့်Freeစားမှာတွေက~"

"လိမ်ပြောတာပေါ့ နေ့တိုင်းမုန့်အမျိုးမျိုးဝယ်ကျွေးပြီး
အလိုလိုက်ပေးရင်အဲ့အကြောင်းမေ့သွားလိမ့်မယ်~"

~~သွေး~~{Complete}Hikayelerin yaşadığı yer. Şimdi keşfedin