"ခွာထားပေးပါ့မယ် ဖြည်းဖြည်းစားပါ~"
"ဟုတ် အရမ်းစားလို့ကောင်းတယ်~"
"အော်...စကားမစပ် ဓာတ်မတည့်တဲ့အစားအစာရှိလား~"
"မရှိပါဘူး အကုန်တည့်တယ်~"
"ok...မတည့်တာရှိရင်ပြောနော်~"
"ဟုတ်ကဲ့~"
"လိမ္မာတယ်~"
စိတ်အလိုမကျရင်ဂျီကျတတ်တာကလွဲရင်
ပုံမှန်ဆိုပြောစကားနားထောင်တဲ့ဂျောင်ကုကို
ထယ်ယောင်းအတော်လေးသဘောကျမိတာမို့
ပုဇွန်တွေကိုသေချာလေးအခွံခွာပေးရတာပေါ့~
"အရမ်းစားလို့ကောင်းတယ် ဗိုက်တင်းသွားပြီ~"
"ဟဟ..အစားပုပ်လေး ပြန်ကြရအောင် လာ~"
"လမ်းမလျှောက်နိုင်တော့ဘူး ဦးပွေ့ပေး~"
"အများကြီးစားထားတာကို ဘယ်လျှောက်နိုင်ပါတော့မလဲ~"
ပြောလဲပြော ပွေ့လဲပွေ့ပေးတဲ့ထယ်ယောင်းက
ဂျောင်ကုရောက်လာပြီးကတည်းက
အိပ်ရေးလဲပျက်သလို အလုပ်လဲရှုပ်တာအမှန်~
"ဦးကအရမ်းသဘောကောင်းတယ်
kookieကိုမုန့်တွေလဲဝယ်ကျွေးတယ် ကျောင်းလဲကြိုပေးတယ် အာဘွားပေးမယ်..မွ~"
"နောက်ရက်ဆိုရင် ဦးလာမကြိုတော့ဘူး
မန်နေဂျာကိုဘဲကြိုခိုင်းတော့မှာ~"
"ဘာလို့လဲ ဦးကအရမ်းအကျင့်ပုပ်တာဘဲ~"
"ခနကဘဲသဘောကောင်းတယ်ဆိုပြီး အာဘွားတွေပေးပြီးတော့ အခုကအကျင့်ပုပ်တယ်လို့ပြောပြန်ပြီ~"
"kookieကိုအလိုလိုက်ရင် အာဘွားပေးမှာ
အလိုမလိုက်ရင်တော့ စိတ်ကောက်မှာ~"
"စိတ်က ဘယ်လိုကောက်မှာလဲ~"
"စိတ်ကောက်ရင် ဦးကိုစကားမပြောတော့ဘူး~"
"နားငြီးသက်သာတာပေါ့~"
"ထမင်းလဲမစားဘူး မုန့်လဲမစားတော့ဘူး~"
"ကောင်းလိုက်တာ အကုန်ကျသက်သာတာပေါ့~"
"ဦး! အဲ့လိုမပြောရဘူးလို့!...အီးးဟီးးး~"
"ဟားဟား ဦးကစတာပါကွာ မငိုပါနဲ့~"
ထယ်ယောင်းတစ်ယောက် အစလွန်သွားလို့
ဂျောင်ကုငိုသွားပြီမို့ ပြန်ချော့တဲ့အခါမှာလဲ
အငိုမတိတ်တော့တဲ့ဂျောင်ကုကြောင့်ထယ်ယောင်းအခက်တွေ့ရပြီ~
YOU ARE READING
~~သွေး~~{Complete}