"ကိုယ့်ဟာကိုယ်ရှာလို့ပြောလိုက်ပေါ့ လွယ်လွယ်လေးကို~"

"ဟားဟား တကယ်ပါဘဲအသေးလေးရယ် အော် အခုမှသတိရတယ် ဆေးရုံသွားရဦးမှာဘဲ~"

"ဘာလုပ်ဖို့လဲ ဦးနေမကောင်းလို့လား~"

"မဟုတ်ပါဘူး အသေးလေးကိုဆေးစစ်ပေးမလို့~"

"kookieကဘာဖြစ်လို့လဲ~"

"ဘာမှမဖြစ်ပါဘူး ဒီတိုင်းကျန်းမာရေးစစ်ဆေးမလို့ပါ
ဦးလဲစစ်မှာလေ~"

ဂျောင်ကုရဲ့ရောဂါကိုသိရဖို့အတွက်
အခုမှသတိရသွားတဲ့ထယ်ယောင်းက
ဆေးရုံသွားကာ ဂျောင်ကုကို ဆီး သွေးအကုန်စစ်ဆေးပြီး
တစ်ကိုယ်လုံးX-rayရိုက်ကြည့်လေရဲ့~

"ဘာထူးခြားတာတွေ့လဲdoctor ရောဂါတစ်ခုခုတွေ့လား~"

"ဘာရောဂါမှမတွေ့ပါဘူး ဆီးရော သွေးပါအကုန်ကောင်းတယ် X-rayမှာလဲပုံမှန်ပါဘဲ ကျိုးပဲ့တာတွေ
အကျိတ်တွေဘာမှမရှိဘူး~"

"ဟုတ်လို့လား သေသေချာချာစစ်ဆေးကြည့်ပါဦး~"

"စစ်ပြီးပြီ သွေးပေါင်ချိန်လဲပုံမှန်ဘဲ
အသားအရည်လဲပုံမှန်ဘဲ ကိုယ်အလေးချိန်မပြည့်တာလေးတစ်ခုဘဲ အဲ့တာကလဲသူ့အရွယ်စားနဲ့ဆိုအတော်ပါဘဲ~"

စစ်ဆေးချက်ကအကုန်ကောင်းနေပြီး
ဂျောင်ကုကလဲမူမမှန်တာဘာမှမဖြစ်တာမို့
ထယ်ယောင်းခေါင်းရှုပ်သွားတာအမှန်~

*ငါ့မိဘတွေကတော့ စနှောက်ပြီးပြောမှာမဟုတ်ဘူး
အဲ့နေ့ကသူတို့ပုံစံတွေကလဲ တကယ်ကိုစိုးရိမ်နေကြတဲ့ပုံစံတွေ~*

"ဦး~မပြီးသေးဘူးလား~"

"အော်..အင်း ပြီးပြီအသေးလေး လာမယ်နော်~"

"ကြာလိုက်တာ ဗိုက်ဆာနေပါပြီဆို~"

"လာပါပြီဗျာ~"

ရောဂါကိစ္စကိုခနမေ့ထားကာထွက်လာတဲ့ထယ်ယောင်းက
ဂျောင်ကုကို စားသောက်ဆိုင်ကောင်းကောင်းတစ်ခုကိုခေါ်သွားပြီး ထမင်းကျွေးတော့ အားရပါးရစားနေပုံအရ
ဘာရောဂါမှရှိပုံမပေါ်~

"ဦး ပုဇွန်အခွံခွာပေးထားဦး ဒီမှာစားနေတာအဆက်ပြတ်မှာစိုးလို့~"

~~သွေး~~{Complete}Where stories live. Discover now