"ဒါကိုစားပြီးရင်ရပြီမဟုတ်လား~"
"ဦးကဘာလို့အလုပ်ဘဲလုပ်နေတာလဲ ညလဲအလုပ်
နေ့လဲအလုပ်နဲ့ kookieကိုကျတော့ပစ်ထားတယ်~"
"ပစ်ထားတာမဟုတ်ပါဘူးအသေးလေးရဲ့
ဦးဒီလိုအလုပ်လုပ်နေတာက
အသေးလေးမုန့်တွေအများကြီးဝယ်စားလို့ရအောင်လေ~"
"အခုလဲရနေပြီလေ ဦးကသူဌေးဖြစ်နေပြီကို~"
"ဘယ်မှာဖြစ်သေးလို့လဲ~"
"ဖြစ်တယ်လေ ဦးကအိမ်အကြီးကြီးလဲရှိတယ်
ကားလဲသုံးစီးတောင်ရှိတယ် အဲ့တာသူဌေးဘဲလေ~"
"ဘယ်ဟုတ်မလဲ သူဌေးဆိုတာ မရေတွက်နိုင်တဲ့အိမ်တွေကားတွေရှိတဲ့အပြင် ပိုက်ဆံကလဲတစ်သက်စာသုံးမကုန်အောင်ရှိရတယ်~"
"အဲ့တာဆိုရင် Kookieကိုရှိတယ်လို့တောင်ထင်တော့မှာမဟုတ်ဘူး~"
"မဟုတ်တာဘဲ ဦးကအဲ့လိုလုပ်ပါ့မလား
ဒီကိုလာ ဦးပြောပြမယ်~"
လက်နှစ်ဘက်ကမ်းကာခေါ်လာတဲ့ထယ်ယောင်းကြောင့်
ဂျောင်ကုရှေ့တိုးလာတော့ ထယ်ယောင်းက
သူ့ပေါင်ပေါ်ထိုင်စေလေရဲ့~
"ဦးက တနင်္လာနေ့ကနေ စနေနေ့အထိအလုပ်လုပ်မယ်
တနင်္ဂနွေနေ့ဆိုရင်တော့ အလုပ်လုံးဝမလုပ်ဘူး
အဲ့နေ့မှာအသေးလေးစိတ်ကြိုက်အကုန်လုပ်ပေးမယ်~"
"တစ်ရက်တည်းလား ကျောင်းပိတ်ရက်ကနှစ်ရက်လေ~"
"စနေနေ့ကတော့နားလို့မဖြစ်ဘူးအသေးလေးရဲ့
ညဘက်ကိုတော့နားမယ်လေနော်~"
ကလေးကိုခေါ်လာပြီးမှအချိန်မပေးနိုင်ဖြစ်နေတဲ့ထယ်ယောင်းက သူအားတဲ့အချိန်ကိုကြိုးစားပြီးညှိနှိုင်းကြည့်ဘေမဲ့
ဂျောင်ကုကတော့အလိုကျပုံမပေါ်~
"အသေးလေးကလိမ္မာပါတယ် ဦးကိုနားလည်ပေးနော်~"
"ဟင့်အင်း~"
"လုပ်ပါ ဦးကသူဌေးဖြစ်ချင်တယ်လေ အဲ့အခါကျ
အသေးလေးကို ကိုယ်ပိုင်အိမ်ကိုယ်ပိုင်ကားတွေဝယ်ပေးမှာ~"
"မလိုချင်ပါဘူး~"
"အသေးလေးကလဲကွာ အသေးလေးမလိုချင်ဘေမဲ့
ဦးမိန်းမ ရလို့ကလေးတွေရှိလာရင်
သူတို့ကကိုယ်ပိုင်အိမ်နဲ့ကားလိုချင်တယ်ပြောလာရင်ဘယ်လိုလုပ်မလဲ~"
YOU ARE READING
~~သွေး~~{Complete}