"ရောက်ပြီအသေးလေး လာ အထဲဝင်ရအောင်~"

"kookieရဲ့မုန့်တွေကိုင်ပေးဦး~"

"အကုန်ပေးခဲ့ လွယ်အိတ်ကိုထားခဲ့တော့~"

12နှစ်လုံးလုံးတစ်ယောက်တည်းအေးအေးဆေးဆေးနေလာတဲ့ထယ်ယောင်းက အခုတော့ ကလေးတစ်ယောက်ကိုခေါ်ထားမိလို့ အထုပ်တွေတွဲလောင်းနဲ့ဖြစ်နေပြီ~

"ဒီမှာထိုင်စားနေနော်အသေးလေး ဦးအလုပ်လုပ်ဦးမယ်~"

"မုန့်ကကုန်တော့မှာလေ ဒီတိုင်းထိုင်စောင့်နေရမှာလား~"

"အမလေးဗျာ ဦးရဲ့မန်နေဂျာကိုခေါ်ထားပေးမယ်
လိုတာမှန်သမျှသူ့ကိုပြောလိုက်~"

"မနေ့ကလူလား~"

"ဟုတ်တယ်လေ ဘာမှကြောက်စရာမလိုဘူးနော်
သူကဦးရဲ့မန်နေဂျာ~"

"ဟုတ်~"

"Ok..တော်တယ်~"

ထို့နောက်ထယ်ယောင်းက သူ့ရဲ့မန်နေဂျာကိုခေါ်ကာ
ဂျောင်ကုနဲ့လွတ်ထားပြီး သူကတော့
မပြီးပြတ်သေးတဲ့အလုပ်တွေနဲ့ ဘာကိုမှကရုမစိုက်နိုင်တော့~

"ဘယ်သွားမလို့လဲကောင်လေး~"

"ဦးဆီကိုသွားမလို့လေ~"

"မသွားပါနဲ့ ceoကိုသွားမနှောက်ယှက်ပါနဲ့~"

"သွားမှာဘဲ~"

မန်နေဂျာရဲ့စကားကိုနားမထောင်ဘဲ
ထယ်ယောင်းဆီသွားကာ စားလက်စမုန့်ထုပ်ထဲက
မုန့်တစ်ခုနှိုက်ပြီး ထယ်ယောင်းပါးစပ်ရှေ့သို့~

"ဦး မုန့်နည်းနည်းစားလိုက်ဦး~"

"ရတယ်အသေးလေး ဦးမစားချင်ဘူးနော်
သွားထိုင်စားနေ~"

"ဟင့်အင်း...စားရမှာ~"

"တင်ထားလိုက် နောက်မှစားလိုက်မယ်
ဦးအလုပ်လုပ်ဦးမယ်~"

"မရဘူး အလုပ်မလုပ်ရဘူး~"

သူ့ရှေ့ကlaptopကိုဖယ် အလုပ်စားပွဲပေါ်တက်ထိုင်ကာ
လက်နှစ်ဘက်ကိုဆန့်တန်းထားတဲ့ဂျောင်ကုကြောင့်
ထယ်ယောင်းသက်ပြင်းချကာ စားပွဲပေါ်ကပွေ့ပြီး
အောက်ချပေးရတယ်။

"ပေး ဦးက ဘယ်မုန့်ကိုစားရမှာလဲ~"

"ဒီမှာ အဲ့တာကိုကုန်အောင်စားရမှာ~"

~~သွေး~~{Complete}Место, где живут истории. Откройте их для себя