"ကျောင်းဆင်းပြီ ရေးး~"

"ဒီနေ့ကော ဦးက လာကြိုပါ့မလားမသိဘူး~"

"မင်းအိမ်ကလာမကြိုရင်ငါနဲ့လိုက်ခဲ့လေဂျောင်ကု~"

"မလိုက်ချင်ပါဘူး~"

"အားနာစရာမလိုပါဘူး လိုက်ခဲ့ပါ မင်းရဲ့အိမ်ကိုလိုက်ပို့ပေးမယ် ဘယ်လိုလဲ~"

"ဦး~"

ဘေးနားကစကားလိုက်ပြောနေတဲ့ကောင်ကိုကရုမစိုက်ဘဲ
ကျောင်းပြင်ထွက်လာရာ ကားကိုမှီပြီးစောင့်နေတဲ့ထယ်ယောင်းကိုတွေ့လို့ အပြေးလေးသွားဖက်တဲ့ဂျောင်ကု~

"ဟဟ..ဘယ်လိုလဲ ကျောင်းမှာပျော်ရဲ့လား~"

"မပျော်ပါဘူး ပျင်းစရာကြီး~"

"အသေးလေးပျော်သွားအောင် ဦးကမုန့်ဝယ်ကျွေးမယ်ဆိုရင်ရော~~"

"အခုဝယ်ကျွေး သီးစုံရေခဲမုန့်နဲ့
cherry cakeစားချင်တယ်~"

"Ok သွားကြစို့~"

ထယ်ယောင်းကဂျောင်ကုရဲ့လွယ်အိတ်ကိုယူပေးကာ
ကားထဲဝင်စေပြီး သဘောအတိုင်းသီးစုံရေခဲမုန့်နဲ့
Cherry cakeလေးဝယ်ပေးတော့ ကားထဲမှာတင်
စားနေတဲ့ဂျောင်ကုကအသဲယားစရာ~

"ဦးရဲ့အလုပ်ကမပြီးသေးတော့လေ
အသေးလေးကကုမ္ပဏီကိုခနလိုက်ခဲ့ပေးနော်~"

"ရတယ်လေ မုန့်စားရင်းစောင့်နေမယ်~"

"လိမ္မာလိုက်တာ အဲ့တာကြောင့်
သူငယ်ချင်းမြန်မြန်ရသွားတာထင်တယ်~"

"ဟင်? ဘယ်မှာလဲသူငယ်ချင်း~"

"ခနက ကျောင်းထဲကအတူတူထွက်လာတဲ့တစ်ယောက်လေ
မဟုတ်ဘူးလား~"

"မဟုတ်ပါဘူး အလကား လူကိုအီစီကလီလာလုပ်နေတာ~"

"ဘာ! အီစီကလီလုပ်တယ်တဲ့လား ဒီမလောက်လေးမလောက်စားကောင်တွေကတော့
အီစီကလီလုပ်ရုံဘဲလား အသားယူသွားသေးလား~"

"မယူပါဘူး ယူလို့လဲမရဘူးလေ
kookieကကိုက်ပစ်မှာပေါ့~"

သာမာန်ဆယ်ကျော်သက်ကလေးတွေလို
ထိုးမယ်ကြိတ်မယ်မရှိ ကိုက်မယ်ဆိုတဲ့ဂျောင်ကုကြောင့်
ထယ်ယောင်းရယ်ချင်သွားတာအမှန်~

~~သွေး~~{Complete}Where stories live. Discover now