"ပြောတော့အသံအောနေတာဆို
မအောပါဘူး ဒီလောက်ပါဘဲ~"
"အောတယ် ဦးမှမသိတာ ဦးကဖုန်းထဲမှာဘဲ
kookieအသံကိုကြားဖူးတာလေ~"
"အပြင်နဲ့ဖုန်းထဲ ဘာမှမကွာခြားပါဘူး
အတူတူလောက်ပါဘဲ~"
"တူမနေဘူး~"
အသံကတော့ဖုန်းနဲ့အပြင်သိပ်မကွာခြားဘေမဲ့
ရုပ်ရည်ကတော့အပြင်မှာပိုချစ်ဖို့ကောင်းတာကြောင့်
ထယ်ယောင်းအတော်လေးမင်သက်ရတာကိုတော့လိမ်လို့မရ~
*မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနဲ့
နှုတ်ခမ်းဖူးဖူးလေးကငယ်ငယ်ကအတိုင်းဘဲ~*
"ကျောင်းမှာပျော်ရဲ့လားအသေးလေး~"
"ပျော်တယ် အခုဦးကိုမြင်ရတော့ပိုပျော်သွားပြီ~"
"ဟဟ...ဟုတ်ပါပြီဗျာ အမြဲတမ်းပျော်ရအောင်
ဦးနဲ့လိုက်နေမလား ခေါ်သွားမယ်လေ~"
"တကယ်ခေါ်မှာလဲမဟုတ်ဘဲနဲ့~"
"တကယ်ခေါ်မှာပေါ့ အဲ့တာကြောင့်ဦးကိုယ်တိုင်ရောက်နေတာလေ~"
"အဲ့တာဆို ဖွားဖွားတို့ရောလိုက်မှာလား~"
"အသေးလေးတစ်ယောက်တည်းကိုဘဲခေါ်မှာ~"
"အဲ့တာဆိုရင်မလိုက်ချင်ဘူး ဖွားဖွားတို့မပါရင်kookieကဘယ်သူနဲ့အိပ်ရမှာလဲ~"
"ဦးနဲ့အိပ်ရမှာပေါ့~"
"ကတိပေးလား~"
"ပေးတယ်~"
Mr.kimတို့ကလဲထည့်သလိုဂျောင်ကုကလဲလိုက်မယ်ဆိုတော့ ထယ်ယောင်းက ဂျောင်ကုရဲ့အထုပ်တွေအကုန်
သူ့ကားထဲထည့်တော့Mrs.kimကkookieကိုစောင့်ရှောက်ဖို့မှာတမ်းခြွေလို့မပြီး~
"စိတ်ချပါommaရယ် အသေးလေးကို
ကျွန်တော်သေချာစောင့်ရှောက်မှာပါ Ommaတို့သာပျော်ပျော်နေခဲ့ကြ~"
"သားက တစ်ယောက်တည်းနေတာများပြီး
ကလေးနဲ့မနေဖူးတော့ အဆင်မပြေမှာ
စိတ်မရှည်မှာတွေစိတ်ပူလို့ပါ~"
"မပူပါနဲ့ အသေးလေးကလဲသုံးလေးနှစ်အရွယ်ကလေးမဟုတ်တော့ပါဘူး~"
"kookieအဆင်သင့်ဖြစ်ပြီ ဦး~"
ကျောင်းဝတ်စုံမဟုတ်တော့ဘဲ အသားရောင်
အင်္ကျီတိုဘောင်းဘီတိုဝမ်းဆက်နဲ့ဂျောင်ကုက
အညိုရောင်ဝက်ဝံရုပ်လေးဖက်လို့မို့ ချစ်စရာအတိ~
YOU ARE READING
~~သွေး~~{Complete}