*Tito~~Tito*

*ချလောက်~*

"အာ..အင်း..နည်းနည်းကြာသွားတယ်sorry~"

တံခါးလာဖွင့်သူကkookieအမေမဟုတ်ဘဲ
ယောကျာ်းတစ်ယောက်ဖြစ်ပြီး
ထိုလူကမျက်စိမျက်နှာပျက်စွာ ပြေးထွက်သွားတာမို့
ထယ်ယောင်းအိမ်ထဲအမြန်ဝင်သွားတော့ kookieအမေဟာ သွေးအိုင်ထဲမှာကိုယ်လုံးတီးနဲ့~

"Omma ဘာရို့ဒီမှာအိပ်နေတာရဲ~"

"ရဲ...ရဲကိုဖုန်းဆက်ရမယ်~"

"ဘာရို့ရဲ~"

ဒီလိုသွေးရဲသံရဲနဲ့လူသေအလောင်းကို
တစ်ခါမှမမြင်ဖူးတဲ့ထယ်ယောင်းက
ထိတ်လန့်စွာရဲကိုဖုန်းဆက်ခေါ်တော့ သူ့ကိုပါ
သံသယရှိစာရင်းထဲထည့်ကာဖမ်းချုပ်ခံလိုက်ရသေး~

"ကျွန်မသားက ဒီလိုလုပ်မယ့်လူမဟုတ်ပါဘူး~"

"လုပ်တယ်မလုပ်ဘူးဆိုတာ မျက်မြင်သက်သေရှိမှဖြစ်တာကျွန်တော်တို့အခုသူ့ကိုထောင်ချလို့လဲမရသလိုလွတ်ပေးလို့လဲမရဘူး ဘာလို့ဆိုမျက်မြင်သက်သေကအသက်3နှစ်အရွယ်ကလေးဖြစ်နေလို့~"

"ကလေးပြောတာကအမှန်ဖြစ်မှာဘဲလေ
kookie ဖွားဖွားကိုပြော ကျောင်းပြန်ပြီး
သားဦးဦးဘာတွေလုပ်လဲ~"

"ဘားမှလုပ်ဘူး kookieကိုအိမ်လိုက်ပို့ပေးတာ
အဲ့တာကိုOmmaကအိပ်နေရို့ဒီရောက်လာတာ~"

ကလေးကတော့ဘာမှမသိ သူသိတာလေးကို
အမှန်အတိုင်းပြောပြဘေမဲ့လဲ
ရဲတွေကတော့ ကလေးစကားကိုအရာမသွင်း~

"ကလေးကတောင်ပြောနေပါပြီဆရာတို့ရယ်
ပြီးတော့ကျွန်မတို့ကသူစိမ်းတွေလဲမဟုတ်ဘူး~"

"ဟုတ်သားဘဲမိန်းမရယ် အခုဆုံးသွားတာကကိုယ်တို့သမီးဆိုတာကိုမပြောရသေးဘူးလေ~"

"ဟုတ်တယ် ဟုတ်တယ် အဲ့တာကျွန်မတို့သမီးပါ~"

"သူ့အချက်လက်တွေကိုစစ်ဆေးပြီးလို့သိပြီးပါပြီ
ခဗျားတို့ကိုကြည့်ရတာ သေသွားတဲ့သမီးထက်
အဖမ်းခံထားရတဲ့သားကိုပိုစိတ်ပူနေသလိုဘဲ~"

"အဲ့လိုမဟုတ်ရပါဘူးရှင် အခုချိန်မှာ
တစ်ပူပေါ်တစ်ပူဆင့်နေတော့ အမေတစ်ယောက်ဖြစ်တဲ့ကျွန်မလဲ ဘာလုပ်ရမှန်းကိုမသိတော့ပါဘူး~"

~~သွေး~~{Complete}Where stories live. Discover now