"ကောင်းပြီလေ~"
နှစ်ဦးနှစ်ဘက်အဆင်ပြေသွားပြီမို့Mr.kimတို့က
kookieအမေကို တော်စပ်မှုမှာသမီးလို့ထည့်ပြီး
kookieကိုကမြေးလို့ထည့်ကာ ဖွားစားရင်းတွေပါလုပ်ပေးရတယ်။
"ကလေးကဒီလောက်ကြီးနေပြီကို ဘာလို့အခုမှ
အိမ်ထောင်စုထဲထည့်ပြီး ဖွားစာရင်းလာလုပ်တာလဲ~"
"အာ..သမီးကငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျသွားတော့
စိတ်ဆိုးလို့အိမ်ထောင်စုထဲကထုတ်ပစ်လိုက်တာ
အခုသမီးက ယောကျာ်းနဲ့ကွဲပြီးဒုက္ခတွေနဲ့ပြန်ရောက်လာတော့
မိဘတို့သဘာဝ မနေနိုင်ပြန်ဘူးလေ~"
"အွန်း..ကလေးအမေကအသက်တော်တော်ငယ်သေးတယ်~"
"ဟုတ်ပါတယ်~"
ချောချောမွေ့မွေ့ပြီးသွားစေရန်အတွက်
လိမ်ညာစကားတွေပြောနေတဲ့Mr.kimတို့အနား
kookieအမေကkookieကိုပွေ့လျှက်နဲ့နေပြီး
အဆင်ပြေသွားတာနဲ့ မူကြိုကျောင်းသို့~
"အကုန်စုံဘေမဲ့ အဖအမည်လိုနေတယ်~"
"ဆရာမရယ် အဲ့တာကိုကျော်လိုက်ကြရအောင်လေ
ကျွန်မသမီးလေးက သူ့ယောကျာ်းနှိပ်စက်ခဲ့လို့စိတ်ဒဏ်ရာရနေရှာတာ အဲ့တာကြောင့် အဖအမည်မှာ နာမည်မထည့်တော့ဘဲ ကွယ်လွန်လို့သာဖြည့်ပေးပါတော့~"
"အဲ့လိုလုပ်လို့မရ......
"အားကိုးပါတယ်ဆရာမရယ်~"
ဆရာမလက်ကိုဆွဲကိုင်လိုက်တဲ့Mrs.kimက
ဆရာမလက်ထဲပိုက်ဆံတစ်အုပ်ထည့်ပေးလိုက်ရာ
အရာအားလုံးအဆင်ပြေokသွားရော~
"kookieလေး နောက်နေ့ကစပြီး ကျောင်းသွားလို့ရပြီနော်အခုကျောင်းအပ်ခဲ့ပြီ~"
"ဟုတ်တဲ့ ဖွားဖွား~"
"ဟဟ..ဟုတ်ပါပြီ ကျောင်းမှာလိမ်လိမ်မာမာနေနော်~"
"ဟုတ်~"
kookieကျောင်းတက်ရဖို့အတွက်
လုပ်ချင်ရာလုပ်နေကြတဲ့သူ့မိဘတွေကို
ထယ်ယောင်းကတော့အလိုမကျဘေမဲ့kookieတို့သားအမိတွေကကျောင်းသွားကျောင်းပြန်နဲ့ သူတို့ကိုဘာဒုက္ခမှမပေးတာမို့ ဘာမှမပြော~
"ဦး ဒီနေ့ကျောင်းမှာ kookieသီချင်းသင်ခဲ့တယ်~"
"မူကြိုပါဆို သီချင်းသင်မှာပေါ့~"
YOU ARE READING
~~သွေး~~{Complete}