"မင်းကငါ့ထက်အကြီးမို့လို့လားအရူးလေး~"

*Tito~~Tito*

"မင်းအမေလာပြီထင်တယ် ဟူးး သွားရအောင်~"

kookieအမေနဲ့အပေါက်စပ်မတည့်တဲ့ထယ်ယောင်းက
လေပူတစ်ချက်မှုတ်ထုတ်ပြီးkookieကိုပွေ့ကာ
တံခါးသွားဖွင့်ပေးတော့ တကယ်ကိုkookieအမေဖြစ်နေတာ~

"ဒီမှာခဗျားသား ကျုပ်သူ့ကိုကိုက်မစားထားဘူး~"

"အန်တီရှိလား~"

"မရှိဘူး ဘာကိစ္စရှိလို့လဲ~"

"ပြောစရာလေးနည်းနည်းရှိလို့~"

"ဘာလဲ သတိပေးစကားတွေပြောမလို့လား~"

"သား ဘာလို့ဧည့်သည်ကိုအထဲမခေါ်တာလဲ
အထဲဝင်လေသမီး~"

ထယ်ယောင်းနဲ့စကားပြောနေတုန်းMrs.kimတို့ရောက်လာတာမို့Mrs.kimကkookieအမေကို
အိမ်ထဲခေါ်ဝင်ထိုင်ခိုင်းတော့ ထယ်ယောင်းကသူ့ရဲ့လက်ကျန်ခေါက်ဆွဲပြုတ်ကိုသွားစားရာ kookieကလဲလိုက်သွားတာဘဲ~

"ပေါ့ပေါ့ပါးပါးနေနော်သမီး ဘာမှမကြောက်နဲ့~"

"ဟုတ်..ကျွန်မ အန်တီတို့ကိုတောင်းဆိုစရာရှိတယ်~"

"ဘာများလဲသမီး ပြောလေ
အန်တီတို့ကူညီနိုင်သမျှအကုန်ကူညီပေးမယ်~"

"ဟိုလေ..ကျွန်မသားလေးကို ကျောင်းထားချင်တာ~"

"အော် ပိုက်ဆံအကူညီလိုလို့လား~"

"မဟုတ်ဘူး မဟုတ်ဘူး ပိုက်ဆံကရှိတယ်
အိမ်ထောင်စုမရှိတာ ပြီးတော့သားလေးအတွက်
အဖေနာမည်လိုတယ်~"

"ဟင်?"

"အဲ့တာ ဘယ်လိုလုပ်ရမှန်းမသိလို့ကူညီပါဦး
သားလေးကကျောင်းတက်ချင်နေပြီ~"

"အန်ကယ်တို့လုပ်နိုင်တာကတော့ kookieကို
အန်ကယ်တို့မွေးစား မဟုတ်ရင်
သမီးတို့သားအမိကိုအန်ကယ်တို့အိမ်ထောင်စုထဲထည့်ပြီး
Kookieအတွက် ဆေးရုံမှာဖွားစားရင်းလုပ်ရုံဘဲ~"

"ဒုတိယတစ်ခုအဆင်ပြေတယ်ဆိုရင်လုပ်ပေးပါ
သားလေးကျောင်းတက်ရရင်ဘဲတော်ပါပြီ
ကျန်တာဘာမှမလိုပါဘူး ဘာအခွင့်ရေးမှလဲမယူပါဘူး~"

~~သွေး~~{Complete}Where stories live. Discover now