"အသေးလေး မငိုနဲ့နော် ဘာမှမဖြစ်ဘူး~"
"နိုဘူး~"
"သေချာလား~"
"နိုဘူးလို့....အီးးဟီးးး~"
"ဟားဟားး မငိုဘူးဆို ဘာလို့ငိုတာလဲ~"
လက်သီးဆုပ်သေးသေးလေးတွေနဲ့
မျက်လုံးကိုအုပ်ကာငိုနေတဲ့Kookieက
သနားစရာဆိုဘေမဲ့ ပုံစံလေးကချစ်ဖို့ကောင်းနေတော့
ထယ်ယောင်းရယ်ရင်း သူ့အိမ်ထဲပွေ့ချီသွားလိုက်တယ်။
"နှပ်ချေးတွေပါးစပ်ထဲဝင်တော့မယ် မငိုနဲ့တော့~"
"ဟင့်..kookieက..ဟင့်..ဘာရို့အဖေမရှိတာရဲဟင်..ဟင့်~"
"အဲ့တာတော့ဦးလဲမသိဘူးလေ ဒါဘေမဲ့
လူတိုင်းမှာအဖေရှိတာမဟုတ်ဘူးအသေးလေးရဲ့~"
"ဘာရို့ရဲ~"
"အသေးလေးကြီးလာရင် နားလည်သွားလိမ့်မယ်~"
သူပြောတာတွေကိုနားမလည်ဘဲ
သူ့ကိုသာကြည့်နေတဲ့kookieလေးကို
ထယ်ယောင်းက မျက်နှာသစ်ပေးပြီးမုန့်ကျွေးလိုက်တော့
ခနကနဲ့မတူစွာပြုံးရွှင်လို့~
"မုန့်ကစားကောင်းရဲ့လား~"
"အွန်း...ချားကောင်းတယ်~"
"ဦးရေချိုးဦးမယ် ဒီမှာနေခဲ့ရဲလား~"
"ဟင့်အင်း နေရဲဘူး သီရဲကြောက်တယ်~"
"အဲ့တာဆိုလဲ လိုက်ခဲ့ကွာ~"
အိမ်ရှေ့ခန်းမှာသုံးနှစ်ကျော်အရွယ်
ကလေးတစ်ယောက်နေခဲ့ဖို့က
ဘယ်လိုမှမဖြစ်တာမို့ထယ်ယောင်းလဲ
kookieကိုသူ့အခန်းထဲခေါ်သွားရတာပေါ့~
"ဒီမှာငြိမ်ငြိမ်လေးနေခဲ့ လျှောက်မဆော့နဲ့ကြားလား~"
"ရှူးပေါက်ချင်တယ်~"
"အဲ့တာဆိုလဲလာ~"
"ကိုယ်ဖာဖာပေါက်တတ်တယ်ညော်~"
"ငါလဲမင်းဟာကိုကိုင်ပြီးမကူပေးဘူး~"
ထယ်ယောင်းကkookieလေးကို
toiletထဲခေါ်သွားပေးတော့kookieက
သူ့ဟာသူအပေါ့စွန့်ကာ ရေပါနှိပ်ချလိုက်သေးတာမို့
ထယ်ယောင်းပြုံးမိသေး~
"ပြီးရင်လာတော့~"
"လက်ဆေးဦးမှာ~"
"ရှုပ်လိုက်တာကွာ အဲ့လောက်ထိမလိုပါဘူး~"
YOU ARE READING
~~သွေး~~{Complete}